ဇွန်လ ၆ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ၅၀ ခန့်ကျဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊CDFမင်းတပ်ဖက်မှလည်း ၃ ဦးကျဆုံးဟုသတင်းထုတ်ပြန်


ယမန်နေ့ (ဇွန်လ ၆) ရက်နေ့က စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များနှင့် Chinland Defense Force CDF-မင်းတပ်တို့ တိုက်ပွဖြစ်ပွားရာ စကစဘက်က ၅၀ ခန့်ကျဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊CDF မင်းတပ်မှလည်း ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့ ကယနေ့သတင်းထုတ်ပြန်ထားသည်။

ဘုရားစခန်းရွာ အောက်ဘက် ချောင်းဆုံအနီးတဝိုက်တွင် ဖြစ်သောတိုက်ပွဲ၌ စစ်ကောင်စီတပ်များ ၄၀ ခန့်ကျဆုံးခဲ့ကြောင်း၊ချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီတပ်များသည် မင်းထို့အပြင်တပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှေက်တပ် စသည်တို့မှ  ပစ်ကူသည့်အပြင် ေလယဥ်ဖြင့် ဗုံး ၂ ကြိမ် ကြဲခဲ့ကြောင်း၊  စစ်ကောင်စီတပ်များသည် ဓာတုလက်နက်များ အသုံးပြုသည်ကို တွေ့ရကြောင်း၊ ချောင်းဆုံတိုက်ပွဲတွင် CDF-မင်းတပ်မှ ရဲဘော် ၂ ဦး (ထန်းမာန် - စိချဲ့နှင့် ဟာဖေ - မရှိန်းလှော်) တို့ ကျဆုံးပြီး ဒဏ်ရာရသူ ၆ ဦးခန့်ရှိကြောင်း၊

ယှက်ရွာတိုက်ပွဲတွင်လည်း တိုက်ပွဲဖြစ်သော ခင်ရိုးကို စကစတပ်များက ၂၇၄ တပ်ရင်းမှ လှမ်း၍ လက်နက်ကြီးဖြင့် မနားတမ်းပစ်ကူခဲ့ကာစကစဘက်မှ ၁၀ ဦးခန့် ကျဆုံးမည် ဟု ခန့်မှန်းရပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊မင်းတပ် CDF ဘက်မှ တစ်ဦး (ရဲဘော် ငိုင်းရှိန်းမာန် - ဝကောက်) ကျဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိကြောင်းသတင်းထုတ်ပြန်ထားချက်အရသိရသည်။

တိုက်ပွဲ ၂ ခုလုံးသည် မနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး စကစတပ်များက အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု ခန့်မှန်းရကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့ကထုတ်ပြန်ထားသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/

ဇွန်လ ၆ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ၅၀ ခန့်ကျဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊CDFမင်းတပ်ဖက်မှလည်း ၃ ဦးကျဆုံးဟုသတင်းထုတ်ပြန် ဇွန်လ ၆ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ၅၀ ခန့်ကျဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊CDFမင်းတပ်ဖက်မှလည်း ၃ ဦးကျဆုံးဟုသတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 17:54 Rating: 5

No comments:

Powered by Blogger.