လမ်းဆုံတံတားပေါ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်သေဆုံး




ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါစဲ -နန်းဟူးတွင်- ဒေါကလိုးခူ ​ကျေးရွာသွားတဲ့ ကျေးရွာချင်းဆက်လမ်းဆုံတံတားပေါ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့ခင်း ၂နာရီကျော်မှာ ဗုံး ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

" ပေါက်ကွဲသံ ကြားလို့ သွားကြည့်လိုက်တာ အဲ့မှာ သေနေတဲ့တစ်ယောက်ကိုတွေ့တယ်။ တံတားကလည်း ဗုံးပေါက်ထားလို့ ပျက်စီးနေတယ် ကျိုးတော့မကျိုးဘူး။ လမ်းသွားလမ်းလာလား ဘယ်သူမှန်းတော့မသိဘူး။ဘာကြောင့်ဖြစ်ရတာလဲလည်းမသိဘူး။" လို့ အနီးအနားက ဒေသခံတစ်ဦးက ပြောပါတယ်။ 

သေဆုံးသူမှာ ဗုံးထိဒဏ်ရာတွေနဲ့ တံတားဘေးကချောင်းထဲမှာ ပြုတ်ကျနေပြီး နန်းဟူးတွင်ရွာသားလို့ ခန့်မှန်းပြောဆိုကြပါတယ်။ 

အဆိုပါ ဗုံးပေါက်ကွဲတဲ့နေရာအနီးမှာ ခမရ (၄၂၇)တပ်ရင်း နဲ့ ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်ရင်း တည်ရှိတယ်လို့ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လမ်းဆုံတံတားပေါ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်သေဆုံး လမ်းဆုံတံတားပေါ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်သေဆုံး Reviewed by THITHTOOLWIN on 06:03 Rating: 5

No comments:

Powered by Blogger.