မင်းတပ်မြို့နယ် ဘုရားစခန်းရွာလူနေအိမ်များ စစ်ကောင်စီ တပ်ဖွဲ့မှ ဒုတိယ အကြိမ် ဝင်ရောက်ဖျက်စီး


၁၈.၆.၂၀၂၁

ဇွန်လ ၈ ရက်နေ့၌ စစ်ကောင်စီတပ်များ လူနေအိမ်များ ဝင်ရောက်ဖျက်စီးပြီး ရွာသားတချို့ဖမ်းဆီးရိုက်နှိုက်ခြင်း၊ ပစ်ခတ်ခြင်းများခံခဲ့ရသည့် မင်းတပ်မြို့နယ်၊ ဘုရားစခန်းရွာတွင် ယမန်နေ့ ၁၇.၆.၂၀၂၁ ရက်န့တွင် လူနေအိမ်များဒုတိယအကြိမ် ဝင်ရာက်ဖျက်စီးခံခဲ့ရကြောင်း မင်းတပ်ဒေသခံ တစ်ဦးထံ မှသိရသည်။

 မင်းတပ်ဒေသခံတစ်ဦးမှ “အခုဆို ၂ ကြိမ်မြောက်ရှိပြီ၊ ဟိုတစ်ခေါက်တုန်းကထက် သူတို့ ပိုဆိုးတယ်၊  အကုန်လုံးအိမ်တွေရိုက်ချိုးပြီးတော့မှ ပထမအခေါက်ထက် ပိုဆိုးနေလို့လေ၊ ဒီရွာက အရင် တိုက်ပွဲဖြစ်တော့ ပထမဦးဆုံးဝင်တဲ့ ရွာဖြစ်လို့လားမသိဘူး။ အကြောင်းပြချက်တော့ ကျွန်တော်တို့လည်း ခုချိန်ထိတော့ မသိရသေးဘူး။ ဒါမယ့် အရင်တစ်ခေါက်ထက်စာရင် အခု တော်တော်လေး ရစရာမရှိအောင် အကုန်ပျက်ဆီးသွားတယ်၊ မီးမရှို့ရုံတမင်ပဲ ကျန်တော့တယ်၊ ထိခိုက်တဲ့ လူတွေတော့ မရှိပါဘူး။’’ ဟု ပြောသည်။

ယခုသတင်းပတ်အတွင်း ဘုရားစခန်းရွာအနီးဝန်းကျင်၌ မည်သည့်ထိတွ့တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းသိရသည်။





Chin World 

https://www.facebook.com/Chin-World-167011980026853/

မင်းတပ်မြို့နယ် ဘုရားစခန်းရွာလူနေအိမ်များ စစ်ကောင်စီ တပ်ဖွဲ့မှ ဒုတိယ အကြိမ် ဝင်ရောက်ဖျက်စီး မင်းတပ်မြို့နယ် ဘုရားစခန်းရွာလူနေအိမ်များ စစ်ကောင်စီ တပ်ဖွဲ့မှ ဒုတိယ အကြိမ် ဝင်ရောက်ဖျက်စီး Reviewed by THITHTOOLWIN on 05:58 Rating: 5

No comments:

Powered by Blogger.