ဟားခါးမြို့တွင် ‌ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှ လူ ၄၀ ဝန်းကျင် ဖမ်းဆီးထား


ဟားခါးမြို့တွင် ‌ဇွန်လ ၅ ရက်နေ့၊ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ ယခုချိန်အထိ လမ်းသွားလမ်းလာများ လူ ၄၀ ၀န်းကျင်ကို ဖမ်းဆီးသွားကြောင်းဟားခါး‌ေဒသခံများထံမှသိရသည်။

  "သူတို့ ဆက်တိုက် လူဖမ်းနေတယ် ခုချိန်ထိပဲ၊ မရပ်သေးဘူး။ သူတို့ ဖမ်းသွားတဲ့ လူဦးရေကကျတော့ ခန့်မှန်း‌ခြေ ၄၀ ကျော်တော့မယ်၊ လူငယ်တွေတင်မကတော့ဘူး သက်ကြီးပိုင်းတွေပါ သူတို့ဖမ်းကြပြီ။" ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့တွင်‌ေပါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီးမြို့သစ်ရပ်ကွက် လူနေအိမ်အနီးပေါက်ကွဲမှုတွင် သေဆုံးသူ ၂ ဦးရှိကြောင်းသိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/

ဟားခါးမြို့တွင် ‌ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှ လူ ၄၀ ဝန်းကျင် ဖမ်းဆီးထား ဟားခါးမြို့တွင် ‌ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှ လူ ၄၀ ဝန်းကျင် ဖမ်းဆီးထား Reviewed by THITHTOOLWIN on 00:11 Rating: 5

No comments:

Powered by Blogger.