ဟားခါးမြို့တွင် ပေါက်ကွဲမှု‌ဒဏ်ရာကြောင့် လူငယ်တစ်ဦးထပ်မံသေဆုံး


ယနေ့ ဇွန်လ ၅ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးပွဲချင်းပြီးသေဆုံးကာ အပြင်းထန်ဒဏ်ရာရရှိသူတစ်ဦးလည်း ယခု သေဆုံးသွားပြီဖြစ်ကြောင်း မြို့သစ်ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ ဟားခါးမြို့ ဈေးသစ် ဘက်သွားရာလမ်းတွင် လူငယ်များကို လိုက်လံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းသိရသည်။

   "အခုထိ စစ်တပ်တွေက ရှိနေတုန်းပဲ၊ ပြီးရင် လမ်းသွားလမ်းလာ လူ‌ငယ်တွေကိုလည်း ဖမ်းတယ်၊ အခုပဲ ထောင်ကားပြန်ရောက်လာတယ်၊ သူတို့ ထပ်ဖမ်းတယ်နဲ့တူတယ်။ လူငယ်တွေကလည်း အပြင်မထွက်ရဲကြဘူးဆိုတော့ သူတို့ အိမ်အခြေနေတွေကို အသေးစိတ်မသိနိုင်သေးဘူး။" ဟု ဒေသခံ လူငယ်တစ်ဦးမှပြောသည်။

ယနေ့ညနေအတွင်း ဟားခါးမြို့တွင် ခရိုင်ထွေအုပ်ရုံးရှေ့တွင် တစ်ကြိမ်၊ ဟားခါးမြို့သစ်ရပ်ကွက်တွင် နှစ်ကြိမ်၊ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/ 

ဟားခါးမြို့တွင် ပေါက်ကွဲမှု‌ဒဏ်ရာကြောင့် လူငယ်တစ်ဦးထပ်မံသေဆုံး ဟားခါးမြို့တွင် ပေါက်ကွဲမှု‌ဒဏ်ရာကြောင့် လူငယ်တစ်ဦးထပ်မံသေဆုံး Reviewed by THITHTOOLWIN on 00:13 Rating: 5

No comments:

Powered by Blogger.