လှည်းကူး အမှတ် ၃ လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ယာဉ်ကိုပစ်ခတ်လို့ ယာဉ်ပေါ်ပါသူအချို့ ဒဏ်ရာရ

လှည်းကူး အမှတ် ၃ လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ယာဉ်ကိုပစ်ခတ်လို့ ယာဉ်ပေါ်ပါသူအချို့ ဒဏ်ရာရ

လှည်းကူး အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မွန်းတည့် ၁၂ နာရီ ဝန်းကျင်လောက်က စစ်ဆေးရေးဂိတ်မှာ ယာဉ်မရပ်ပေးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ ယာဉ်ပေါ်ပါသူ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ အဲဒီအနီးတဝိုက်မှာနေထိုင်သူအချို့က ဘီဘီစီကိုပြောပါတယ်။

ဒီပစ်ခတ်မှုမတိုင်ခင် မနက်ပိုင်းကလည်း အမှတ် ၃ ဂိတ်နားက ဆီဆိုင်အနီးမှာ ယာဉ်တစ်စီးပေါ်ကနေ စစ်ဆေးရေး ဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

"မနက်ကတော့ ကျွန်တော်တို့ရှေ့မှာပဲ စစ်သား ၇ယောက်ထွက်သွားတာ။ မကြာဘူး။ ဆီဆိုင်နားမှာ ပစ်ကြတာ။ ဒဏ်ရာရသူရှိတယ်တော့ ကြားတာပဲ။ အခုကတော့ ယာဉ်မရပ်ပေးလို့ ပစ်တာတဲ့။ ဒီက ကယ်ရီဆွဲတဲ့သူတွေလည်း ပြန်လှည့်လာရတယ်။ ယာဉ်မောင်းအမျိုးသားရော သူ့အမျိုးသမီးရော ထိတယ်။ စိုးရိမ်ရတယ်တဲ့။ ကလေးတစ်ယောက်ပါတာ ရှပ်ထိသွားတယ်လို့လည်း ကြားတယ်။ လူနာတင်ကား တွေလည်း ရောက်လာတာတွေ့တယ်။ ဓတ်ပုံတွေ ဘာတွေတော့ရိုက်မရဘူး။ အပစ်ခံရတဲ့ကားကတော့ မှန်တွေဘာတွေကွဲပြီး ဘေးထိုးရပ်ထားရတယ်" လို့ အနီးတဝိုက်မှာနေထိုင်သူက ပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

လှည်းကူး အမှတ် ၃ လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ယာဉ်ကိုပစ်ခတ်လို့ ယာဉ်ပေါ်ပါသူအချို့ ဒဏ်ရာရ လှည်းကူး အမှတ် ၃ လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ယာဉ်ကိုပစ်ခတ်လို့ ယာဉ်ပေါ်ပါသူအချို့ ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.