စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံထားရ


ဇွန် ၈ရက် ၂၀၂၁ 

သျှမ်းပြည် တောင်ပိုင်း ရွှေညောင်မြို့ စစ်ကောင်စီမှ ပစ်သတ်ခဲ့သည့် လူငယ် (၂)  ဦး ၏ ရုပ်အလောင်း ကို မိသားစုဝင်များ ပြန်သွားထုတ်ရာ ရင်ခွဲထားသည့်ချုပ်ရာများတွေ့ရကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇွန် (၅ )ရက် ည (၈)  နာရီတွင် ရွှေညောင်မြို့ မီးပွိုင့်လမ်းဆုံအနီး စစ်ကောင်စီမှ လူငယ် ၃ ဦးကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ပြီး လူငယ် ၂ ဦး သေနတ်ထိမှန်းပြီးသေဆုံးခဲ့သည်။

ထို့သေဆုံးသွားသည့် အသက် (၂၁)နှစ်အရွယ် သန့်ဇင်အောင် နှင့် အသက်(၂၅)နှစ်အရွယ် သိန်းနိုင်တို့ ရုပ်အလောင်း နှင့် ကျန်တစ်ဦးဖြစ်သည့် အသက် (၂၀) ခိုင်ဇော်ဝင်းကို ပါ စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ခိုင်ဇော်ဝင်း သည် ထောင်တွင်းရှိနေကသေးကြောင်း သိရသည်။

ထို သေဆုံးသွားသူ၏ ရုပ်အလောင်း (၂)လောင်းကို  “ မနေ့က နေ့လည် ၁၂ နာရီအချိန်မှာအလောင်းကိုသွားထုတ်တယ်။ သေနတ်ဒဏ်ရာရထားတယ်။ ပြီးတော့သူတို့ ရင်ခွဲထားတယ်။ အလောင်းသွားထုတ်တဲ့ချိန်ဘာမှတော့မပြောဘူး။ အလောင်းထုတ်ခ ပိုက်ဆံ ၁ သောင်းပေးရတယ်” ဟု သေဆုံးသွားသည့်သူ၏ မိသားစုဝင်တစ်ဦး ကပြောသည်။

အဆိုပါ သေဆုံးသွားသည့် သူများကို အလောင်းသွားထုတ်ရာတွင် စစ်ကောင်စီဖက်မှ “ကျေနပ်လား” ဟု မိသားစုဝင်များကို ပြန်မေးခဲ့ကြောင်း အလောင်းလိုက်ပါသွားထုတ်ခဲ့သူတစ်ဦးကပြောသည်။ 

“ သူတို့အလောင်းသွားထုတ်တဲ့ချိန်မှာ သူတို့ မိသားစုဝင်ကို ကျေနပ်လားလို့မေးတယ်။ မိသားစုဝင်ဘက်ကလည်း အလောင်းပြန်ရရင်ကျေနပ်ပါတယ်လို့ပြောပြီးတော့ အလောင်းကို ထုတ်လာခဲ့တယ်။  ပိုက်ဆံတော့ပေးရတယ်” ဟု ရွှေညောင်မြို့အလောင်း လိုက်ပါသွားထုတ်သူ က ဆိုသည်။ 

ထို့ပြင်  စစ်ကောင်စီမှ ခိုင်ဇော်ဝင်းကို လက်ရှိအချိန်ထိဖမ်းဆီးထားကြောင်း၊ ၎င်းသည် ကျန်းမားရေးအခြေအနေ မကောင်း သောကြောင့် အမြန်ဆုံးပြန်လွှတ်လာပေးရန် နှင့် မိသားစုများကလည်း လွန်စွာစိတ်ပူနေရကြောင်း ခိုင်ဇော်ဝင်း၏ ဖခင်ဖြစ်သူ က ပြောသည်။ မိသားစုဝင်များက ဆုတောင်းနေရကြောင်း ပြောသည်။ 

“ စားမဝင်အိပ်မပျော်ဘူး။ ကျနော်က သူအဖေလေး။ ခိုင်ဇော်ဝင်းက သတိရတစ်ချက် သတိမရတစ်ချက်ဖြစ်နေတယ်။ ကျန်းမားရေးခြေနေသိပ်မကောင်းဘူး။ အမြန်ဆုံးပြန်လွှတ်လာစေချင်တယ်။ အရမ်းစိုးရိမ်းတာပေါ့” ဟု ၎င်း၏ ဖခင်က ဝမ်းနည်းစွာဖြင့် ပြောသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံထားရ စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံထားရ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.