နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ်


သျှမ်းသံတော်ဆင့်၊ ဇွန် ၈

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့မဈေး တွင် ယနေ့(ဇွန် ၈)ရက် မနက် ၁နာရီခွဲကျော်တွင် မီးလောင်မှုဖြစ်ပွားကာ ဆိုင်ခန်း (၆)ခန်း ရစရာမရှိအောင်လောင်ကျွမ်းခဲ့ပြီး  ဆိုင်ခန်း (၁၆)ခန်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။ 

အဆိုပါမီးလောင်ကျွမ်းမှုသည် မနက်အစော လူခြေသိပ်ချိန်ဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့် မီးလောင်မှုဖြစ်သည်ကို မသိရှိရကြောင်း၊ မီးလောင်ကျွမ်းမှု တနာရီ အတွင်း ဆိုင်ခန်း(၆)ခန်းပစ္စည်းရစရာမရှိအောင် မီးလောင်ကျွမ်းခဲ့ပြီး၊ (၁၆)ခန်းပျက်စီးခဲ့ကြောင်း  နောင်ချိုဈေးမီးလောင်မှုတွင် ပါဝင်မီးငြိမ်းသတ်ပေးခဲ့သည့် သူတစ်ဦးက သျှမ်းတော်ဆင့် ကို ပြောသည်။

“ ဆိုင်ခန်း (၆)ခန်းက မုန့်တွေ၊ ကလေးကစားစရာတွေနဲ့ အထည်ဆိုင်တွေက ဘာမှ မရဘူး။ အားလုံးပါသွားတယ်။ ကျန် (၁၆)ခန်းကတော့ ပျက်စီးမှုရှိတယ်။  ဘာကြောင့်လောင်လဲတော့မသိဘူး။ ဘာမှညမထွက်ရအမိန့်ရှိတဲ့ အချိန်မီးလောင် တော့ စိုးရိမ်မှုကရှိတယ်” ဟု ၎င်းက ဆိုသည်။

ထိုမီးလောင်သည့်အချိန်သည် ညမထွက်ရအမိန့် မာရှယ်လော လုပ်ထားသည့်အချိန်ဖြစ်သဖြင့် ဈေးအနီးပတ်ဝန်းကျင် ပြည်သူများက အပြင်မထွက်ကြည့်ရဲကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း (၂၀၀)ခန့်ဆုံးရှုံးကြောင်းသိရသည်။

“ အခု တော့ မီးလောင်တဲ့ ဆိုင်ခန်းတွေ နဲ့ပစ္စည်းတွေကို သိမ်းဆည်းနေတယ်။ မီးလောင်တာ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမယ့် ဈေးကိုတော့ ပုံမှန်အတိုင်း ဆက်ဖွင့်နေတယ်” ဟု နောင်ချိုဒေသခံ တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး (၄)လကျော် အတွင်း ဈေးများ၊ ပညာရေးကျောင်းများ မကြာခဏ မီးရှို့ခံရကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ် နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.