ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ် (၂) နှစ်ချပြီး နောက်တစ်မှုထပ်တိုး

ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ် (၂) နှစ်ချပြီး နောက်တစ်မှုထပ်တိုး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ် / Photo: RFA

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဒီကနေ့ ဇွန်လ(၇)ရက်နေ့ ရုံချိန်းမှာ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တယ်လို့ သူ့ရှေ့နေ ဦးမြင့်အောင် က RFA ပြောပါတယ်။

ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဒေါက်တာအောင်မိုးညိုကို ခေါ်ယူ စစ်ဆေး ပြီး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်း အထွေထွေအုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန်းထိုက်က တရားလိုလုပ်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ကနေ ကြေညာချက်ထုတ်ပြန်ရာမှာ အတွင်း ရေးမှူး(၃)အနေနဲ့ တာဝန်ရှိတာရယ်၊ သူကိုယ်တိုင် စီဒီအမ်ဝန်ထမ်းတွေကို အွန်လိုင်းကတဆင့် အားပေးစကား ပြောကြားခဲ့တာတွေကြောင့် အခုလိုအပြစ်ပေးခံရတာလို့ သူ့အတွက်လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

ဒေါက်တာအောင်မိုးညိုတို့ကို စစ်ကောင်စီက မကွေးထောင်ထဲမှာ အထူးတရားရုံးဖွင့်ပြီး၊ မြို့နယ်တရားသူကြီး က အမှုစစ်ဆေးကာ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီနေ့အမိန့်ချပြီးချိန်မှာပဲ ဒေါက်တာအောင်မိုးညိုကို သဘာဝဘေးစီမံပုဒ်မ (၂၅) နဲ့ ပွင့်ဖြူမြို့နယ်တရားရုံးမှာ ပွင့်ဖြူမြို့နယ်ရဲစခန်းက အဖွင့်ထပ်ဖွင့်တာခံရတယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။ ဒီပုဒ်မအရဆိုရင် အမြင့်ဆုံးထောင်ဒဏ်(၃)နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။

ဒေါက်တာအောင်မိုးညိုဟာ ၁၉၉၀ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် အနိုင်ရပြီး မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dr-aung-moe-nyo-jail-two-years-06072021063426.html

ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ် (၂) နှစ်ချပြီး နောက်တစ်မှုထပ်တိုး  ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ် (၂) နှစ်ချပြီး နောက်တစ်မှုထပ်တိုး Reviewed by THITHTOOLWIN on 18:33 Rating: 5

No comments:

Powered by Blogger.