ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ


သျှမ်းသံတော်ဆင့်၊ ဇွန်လ ၁

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ (မေ ၃၁)ရက် ည ၁၀နာရီ တွင် တဖက်သတ် သေနတ်ပစ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။

ထိုသေနတ်ပစ်သံသည် ဆီဆိုင်မြို့ တောင်ဘက်တွင် တဖက်သတ် ပစ်ခတ်နေသည့်အသံဖြစ်ကြောင်း၊ သေနတ်သံ (၁၀)ချက် နှင့် လက်နက်ကြီးသံ(၃)ချက် ကြားရကြောင်း အမည် မဖော်လိုတဲ့ ဆီဆိုင်မြို့ ဒေသခံ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။ 

“မနေ့က ည ၁၀ နာရီ ဝန်းကျင် အချိန်လောက်က စကြားရတယ်ဗျ၊ သေနတ်သံ (၁၀ )ချက်ကျော် အရင်ကြား ရပြီးတော့ လက်နက်ကြီးသံ(ဗုံးသံ) ၃ ချက်ထပ်ကြားရတယ်ဗျ၊ ဒီမနက်ရောက်တော့လည်း ပြည်သူတွေက ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားနေကြတာဗျ” လို့ ၎င်းက ပြောပါသည်။

ဆီဆိုင်မြို့ တွင် ပအိုဝ့် အမျိုးသားအစည်းအရုံ (PNO)  ထိန်းချုပ်နယ်မြေထဲပါဝင်နေသည့်အတွက် စစ်ကောင်စီ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုက်ခိုက်နှိမ့်နင်းမည်ဆိုပါက PNO ကိုသာ ညွှန်ကြားတိုက်ခိုက်ခိုင်းမည် ဟု ၎င်း က ပြောသည်။

“ မနေ့ညက ကြားရတဲ့ သေနတ်သံတွေကလည်း အခြားဒေသက အသင်းအဖွဲ့တွေလာလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီဒေသထဲမှာ ရှိနေတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့တွေကပဲ လူတွေထင်ယောင် ထင်မှားဖြစ်အောင် လုပ်တာလို့ပဲ ကျွန်တော်မြင်တယ် ” လို့ ဆီဆိုင်ဒေသခံ တဦးက ပြောသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း (မေ ၂၉ )ရက် ထုတ်ပြန်ချက် ထုတ်ပြီးနောက်ပိုင်း ပြ ဆီဆိုင်မြို့ အထွက် ဘုန်းကြီးကျောင်း အနီးတွင် PNO အင်အားဖြည့်တင်းမှု ပြုလုပ်လာကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ ဆီဆိုင်မြို့ တွင် တဖက်သတ်  သေနတ်ပစ်သံကြားရ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.