ယ​နေ့တစ်ရက်တည်း၌ စစ်​ကောင်စီ စစ်အင်အား ၁၀၀၀ နီးပါးခန့် ကသာမြို့နယ်ဘက်ဦးတည်သွား​နေ

ပုံ - ကသာမြို့ပုံ၊ wikipedia website မှ ယူသုံးထားသည်။

1 June 2021 - Kachinwaves

စစ်​ကောင်စီစစ်သား ၂၀၀ကျော်ကို စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကျေးရွာနှင့် ၅မိုင်ခန့်​ဝေးသည့်​နေရာတွင် သံခွန်​ရေယာဉ်‌ကြီး ၁စီးဖြင့် ယ​နေ့ လာ​ရောက်ချထားခဲ့သည်ဟု ​ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ရွှေပြည်သစ်ရွာအနီး မြစ်ကမ်း၌လည်း တစ်စီးကပ်ကာ အင်အား၂၀၀ကျော်ချထားခဲ့သည်ဟုဆိုသည်။ ယင်းတစ်စီး၌ အကျဥ်းသားများလည်းပါဝင်သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ရွှေကူမြို့မှလည်း စစ်သားအင်အားအပြည့်နှင့် သင်္ဘောတစ်စီး စုန်ဆင်းသွားသည်ဟု ​ဒေသခံတစ်ဦးက ​ပြောသည်။ 

​ယ​နေ့တစ်ရက်တည်း၌ စစ်​ကောင်စီ စစ်အင်အား တစ်​ထောင်နီးပါး ကသာမြို့နယ်ဘက် အင်အားဖြည့်​နေသည်ဟု ဒေသခံများက ဆိုပါသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

ယ​နေ့တစ်ရက်တည်း၌ စစ်​ကောင်စီ စစ်အင်အား ၁၀၀၀ နီးပါးခန့် ကသာမြို့နယ်ဘက်ဦးတည်သွား​နေ ယ​နေ့တစ်ရက်တည်း၌ စစ်​ကောင်စီ စစ်အင်အား ၁၀၀၀ နီးပါးခန့် ကသာမြို့နယ်ဘက်ဦးတည်သွား​နေ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.