လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ


ဇွန် ၁ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ အမှတ်(၂) မူလတန်းကျောင်းတွင်  ယမန့်နေ့ (မေ ၃၁)ရက်  ည ၁၁ နာရီဝန်းကျင်၌  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

မီးလောင်သွားသည့် ကျောင်းဆောင်သည် ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။ 

“ ဘာကြောင့်မီးလောင်လည်းဆိုတာတော့ ကျနော်တို့မသိဘူးရသေးဘူး။ ကျောင်းဆောင်ဟောင်းလောင်သွားတာပါ။ အဲထဲမှာတော ခုံတွေရှိတယ်။ ဘယ်လောက် ဆုံးရှုံးသွားလည်း ဆိုတာကိုတော့ ခုစာရင်းတွက်နေသေးတယ်။ ဆုံးရှုံးမှုကတော့ ရှိတော့ရှိတာပေါ့နော် ကျောင်းဆောင်ဟောင်းဖြစ်လဲ” ဟု လွိုင်လင်မြို့ ကျောင်းဆရာတစ်ဦးက ပြောသည်။ 

ထိုမီးလောင်သွားသည့် ကျောင်းဆောင်သည် စာသင်ခန်းကျောင်းဆောင်မဟုတ်ကြောင်း၊ ပစ္စည်းများကို ထားရှိကြောင်း ကျောင်းဆရာက ပြောသည်။

 ယနေ့ ဇွန်လ ၁ ရက်သည် စစ်ကောင်စီ မှ  မြန်မာတဝှမ်းလုံးရှိ ကျောင်းများကို စတင်ဖွင့်လှစ်ရန် ညွှန်ကြားထား သော်လည်း လွိုင်လင်မြို့ တွင် ကျောင်းလာတက်သည့် ကျောင်းသားများ မရှိသလောက်နည်းပါးကြောင်း သိရသည်။ 

“ ကျောင်းသွားတက်တဲ့သူတွေကတော့ သိပ်မရှိဘူး။ ကျနော်တို့ အဆောင်ကလည်း ကျောင်းမတက်ကြပါဘူး။ ကျောင်းသွားတက်တဲ့သူဆို ၁၀ ရာခိုင်းနှုန်းလောက်ပဲရှိမယ်။ အတိအကျတော့ မသိရသေးဘူး” ဟု အဆောင်ဖွင့်ထားသည့် ဆရာတစ်ဦး ကပြောသည်။ 

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းများကို ပြန်လှည်ဖွင့်လစ်ပေးရန်စီစဉ်ခဲ့သော်လည်း တစ်ချို့မြို့ရှိ  စာသင်ကျောင်းများ မီးလောင်မှုပြီး ပြာကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ကျောင်းသား မိဘတစ်ဦးက “ ဒီလိုတော့ မဖြစ်စေချင်ဘူးလေ။ ကျောင်းတွေမီးရှို့တာတွေကိုတော့ မဖြစ်စေချင်ဘူး။ ဒီစစ်အာဏာရှင်ကို တွန့်လှန်ပစ်ရမယ်ဆိုတာတော့ ဟုတ်ပေမယ့် ကျောင်းတွေကို မီးရှိုးပစ်တာတော့ မလုပ်စေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း CDM မှာပါဝင်ပြီး ကျောင်းမသွားပဲနေကြပါ” ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။ 

ယခုရက်ပိုင်းတွင် သျှမ်းပြည်တွင်းရှိ စာသင်ကျောင်းများ ပညာရေးမှူးရုံးများ အနီးတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့နေလျက်ရှိကြောင်း သိရသည်။ 

ထိုစာသင်ကျောင်း၊ ဈေးများတွင် ဗုံးထောင်ခြင်း၊ ပေါက်ကွဲမှု ပြုလုပ်ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့က ပြုလုပ်ခြင်းမဟုတ်ကြောင်းလည်း ကြေညာချက်ထုတ်ပြန်ထားကြသည်။

အာဏာသိမ်းစစ်ကောင်စီမှ ပညာရေးဝန်ထမ်းများ စုစုပေါင်းကို ၁သောင်းခွဲကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ တစ်ချို့ ပညာရေးဝန်ထမ်းများကို ရာဇသတ်ပုဒ်မ (၅၀၅- က) ဖြင့် တရားစွဲဆို ထားကြောင်း နိုင်ငံပိုင်ရုပ်သံ MWD မှ ထုတ်လွှင့်ကြေညာခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ Reviewed by THITHTOOLWIN on 21:25 Rating: 5

No comments:

Powered by Blogger.