NUG အစိုးရအဖွဲ့သို့ ထိုင်းအခြေစိုက် မြန်မာလုပ်သားကူညီရေးအဖွဲ့(AAC) မှ ထိုင်းငွေ ဘတ် ၂ သန်း လှူဒါန်း



Share/Bookmark


မေလ ၇ ရက်၊၂၀၂၁ ခုနှစ်။ကေအိုင်စီ

မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)သို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAC) မှ ထိုင်းဘတ်ငွေ ၂ သန်း လှူဒါန်းထားကြောင်း သိရသည်။

NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနအတွက် အသုံးစရိတ် ဘတ် ၁ သန်းနှင့် အခြား ဝန်ကြီးဌာနများအတွက် ဘတ် ၁ သန်း စုစုပေါင်း ထိုင်းဘတ်ငွေ ၂ သန်း အား လှူဒါန်းပေးခဲ့သည်ဟု AAC တာဝန်ခံ ကိုရဲမင်း က ပြောသည်။ 

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ၏ စုပေါင်းအလှူငွေ ဘတ် ၁ သန်းအား  NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ AAC အဖွဲ့မှကိုယ်စားလှူဒါန်းခဲ့ရာတွင် ကာကွယ်ရေးဝန်ကြီး

ဦးရည်မွန်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်ဟု ကိုရဲမင်းက ယနေ့ မေလ ၇ ရက် နံနက်ပိုင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် AAC မှ NUG အစိုးရအဖွဲ့ထံ ထိုင်းရောက်မြန်မာများ၏ စုပေါင်းလှူဒါန်းမှုများအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာများလှူဒါန်းရန် အတွက်လည်း  စတင်ပို့ဆောင်ရန် စီစဉ်လျှက်ရှိသည်ဟု ကိုရဲမင်း က ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း ထိုင်းရောက်မြန်မာလုပ်သားများ၏ စုပေါင်း အလှူငွေများအား AAC အဖွဲ့မှတဆင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ်သို့ ထိုင်းဘတ်ငွေ ၁ သန်း နှင့် လိုအပ်သည့် ရိက္ခာပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ