ကေအိုင်​အေ တပ်မဟာ ၈ နှင့် အ​​လောဘွမ်ဘက် ​လေယာဥ်ဖြင့် တိုက်ခိုက်


May 7- kachinwaves 

​မေ ၆ ရက်​နေ့က နှစ်​နေရာမှာ တိုက်ခိုက်ခံရပြီး​နောက် မိုးညှင်းမြို့နယ်ရှိ  ကေအိုင်အေတပ်မဟာ(၈)နယ်မြေတွင် ယ​​နေ့ နေ့လယ် ၁၂နာရီခန့် က စစ်ကောင်စီလက်နက်ကိုင်တပ်များသည် လေယာဥ်ဖြင့် လေးကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

​ကေအိုင်​အေ တပ်မဟာ ၈ က မိုးညှင်းမြို့နယ် ရထားလမ်းဘက်ရှိ တောင်နီ မှာ စစ်​ကောင်စီ လက်နက်ကိုင် ယာဥ်တန်းကို မိုင်းခွဲ  တိုက်ခိုက်ခဲ့သလို ​ရွှေကူမြို့မှာလည်း စစ်သား​တွေပါလာသည့် သ​ဘောကို တိုက်ခိုက် ခဲ့ပြီး  စစ်ကောင်စီလက်နက်ကိုင်များ အကျအရှုံးများသည့်အတွက်ကြောင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ လာရောက်ပစ်ခတ်သည့်အတွက် ပြည်သာရဲ့  နေအိမ်တစ်အိမ်သာ အနည်းငယ် ထိခိုက်သွား​ကြောင်း လည်း သိရသည်။ 

မိုး​မောက်မြို့နယ် မြို့သစ်၊ကုန်းလော စလောင်းကုန်းဘက် နှင့် အ​​လော့်ဘွမ် ဘက်ကိုလည်း ယ​နေ့  မနက် ၅နာရီမှ စ၍ နေ့လယ်ပိုင်းအထိ လေယာဥ်ပျံလေးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ​ကေအိုင်​အေ သတင်းနှင့်ပြန်ကြား​ရေး ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်တပ်များ မိုး​မောက်မြို့နယ် ရှိ စ​လောင်းကုန်းနှင့် အ​​​လောဘွမ် ဘက်ကို  စစ်အင်အား စစ်အား ပိုမိုတိုးချဲ့လာ​တယ် မြင်​ကြောင်းလည်း  ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

မေ ၆ရက်နေ့ မိုးမောက်မြို့ တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ အချင်းချင်း ပစ်ခတ်မိသည့်အတွက် သေဆုံးသူများရှိပြီး ရွှေကူမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ စီးနှင်းလိုက်ပါလာသည့် သင်္ဘောကို ကေအိုင်အေတပ်များက ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများ ရပြီး သေဆုံးသူများလည်း ရှိသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews/

ကေအိုင်​အေ တပ်မဟာ ၈ နှင့် အ​​လောဘွမ်ဘက် ​လေယာဥ်ဖြင့် တိုက်ခိုက် ကေအိုင်​အေ တပ်မဟာ ၈ နှင့် အ​​လောဘွမ်ဘက် ​လေယာဥ်ဖြင့် တိုက်ခိုက် Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.