သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဆုတ်ခွာ



Share/Bookmark



မေလ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ 

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေးရှိ အူးသူးထာ့(ဥသုတ) စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းတစ်ခု ယမန်နေ့(မေ ၆ရက်) ညက ဆုတ်ခွာသွားသည်ဟု သိရသည်။  

"ညကတည်းက စခန်းကို ဆုတ်သွားတာဖြစ်ပါတယ်။ ဘာပစ်ခတ်မှုမရှိပါဘူး။ ပတ်ပတ်လည်မှာ အကုန်ဝိုင်းထားခံရတော့ ထိုင်းဘက်ခြမ်းကို ကူးပြီး အနီးမှာရှိတဲ့ သူတို့ရဲ့ မယ်ခါးထာစခန်းဖက်ကို ပြန်သွားဖို့များပါတယ်"ဟု နယ်ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ 

အဆိုပါ ဆုတ်ခွာသွားသည့်စခန်းကို ယနေ့နံနက် ၉နာရီခန့်တွင် ကေအဲန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်သွားရောက်ရှင်းလင်းမှုလုပ်ဆောင်ရွာ လက်နက်ကြီး ကျည်အဟောင်းတစ်ချို့သာ တွေ့မြင်ရသည်ဟု၎င်း နယ်ခံက ပြောသည်။ 

အဆိုပါ ဥသုတ ခြေကုတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ကျော်သာစခန်းထိုင်သည်ဟု သိရသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ