မိုးမောက်မြို့နယ် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA မှ ပစ်ချ၊ တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

သျှမ်းသံတော်ဆင့်

မေ ၃ရက် ၂၀၂၁

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးတွင် ယနေ့ (မေ ၃)ရက် မနက်ပိုင်း တိုက်ပွဲအတွင်းပြင်းထန်ကာ  အကြမ်းဖက် စစ်ကောင်စီမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ကို KIA မှ ပစ်ချလိုက်သဖြင့် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် တရစပ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်လောကျေးရွာ မှ  ဘုန်းကြီးတပါးပျံလွန်ခဲ့ပြီး၊ ဒေသခံ (၃)ဦး ၊ထိုထဲတွင် ကလေးငယ်လည်း ပါဝင်ကြောင်း မိုးမောက်မြို့ဒေသခံ အမျိုးသားတဦးပြောပြချက် အရသိရသည်။

“ ဒီနေ့ မနက် စစ်တပ်ရဟတ်ယာဉ်နဲ့ တရစပ် လာပစ်တယ်။ လူထိခိုက်သူတွေရှိတယ်။ ကုန်လောကျေးရွာက ဘုန်းကြီး တပါး ပျံလွန်သွားတယ်။ အရပ်သား (၃)ဦး အဲ့ထဲမှာ အမျိုးသမီး၊ ကလေးတွေလည်း ပါတယ်။ ထိခိုက်ဒဏ်ရာရသူများတယ် အခုထိ ပစ်နေတုန်းပဲ” ဟု မိုးမောက်မြို့ မှ ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ကချင် လွတ်လပ်ရေးတပ်မေတာ် (KIA) မှ လက်နက်ကြီးဖြင့် ပစ်ချလိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ မှ Jet Fighter နှင့် Helicopter Gunship (၂)စီးဖြင့်လာပစ်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူူက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုခဲ့သည်။

“ စစ်တပ်က KIA တပ်ကို ဒီနေ့ မနက် လေကြောင်းနဲ့လာတိုက်တယ်။ အဲ့ရဟတ်ယာဉ်ကို ကျနော်တို (KIA) က ပစ်ချလိုက်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ အဲ့ရဟတ်ယာဉ်မှာ လူဘယ်နှယောက်လဲ။ ဘယ်လောက်ထိလဲဆိုတာ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးဖြင့် မိုးမောက်မြို့နယ် ကုန်လောကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်သဖြင့် ကုန်လောကျေးရွာဒေသခံများ လက်နက်ထိမှန်မှုများရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“စစ်ကောင်စီဘက်က ကုန်းလောကျေးရွာထဲ  လက်နက်ကြီးနဲ့ ပြန်ပစ်တယ် ရွာသားတွေ ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့ ပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့မနက်တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်လုံး အထိအခိုက် အကျအဆုံးရှိကြောင်းလည်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ အုပ်စု နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားသည့် ရက်တပတ် အတွင်း အကြမ်းဖက် စစ်ကောင်စီမှ  လေကြောင်းမှ တစ်ဆင့် တစ်နေ့ လေးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်များ (၄၀၀၀) နီးပါးခန့် စစ်ရှောင်နေရကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မိုးမောက်မြို့နယ် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA မှ ပစ်ချ၊ တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ မိုးမောက်မြို့နယ် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA မှ ပစ်ချ၊ တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.