လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ်


ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဖြစ် ကယန်းတိုင်းရင်းသား ဗဟန်းထန် ကို ခန့်အပ်လိုက်ပါတယ်။

တော်လှန်ရေးမိဘနှစ်ပါးမှ ပေါက်ဖွားလာတဲ့ အသက် ၃၉နှစ်အရွယ် တစ်ဦးတည်းသော သားဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျောင်းပြီးခဲ့သူဖြစ်ပါတယ်။

မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကယန်းပြည်သစ်ပါတီမှာ ယခင်က ပြည်တွင်းပြည်ပမဟာမိတ်ဆက်ဆံရေးအပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

“တာဝန်ပေးအပ်တဲ့အပေါ်မှာတော့ နိုင်ငံရေးရဲ့ဖြစ်ပေါ်နေတဲ့အ​ခြေအနေအရ မိခင်အဖွဲ့အစည်းရဲ့တာဝန်ပေးအပ်လာတဲ့အတွက် ဘယ်မှာပဲရောက်ရောက် ကျရာအခန်းကဏ္ဍကနေ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံး ထမ်းဆောင်ပေးပါ့မယ် ပါဝင်ပေးပါ့မယ် NUG ရဲ့ကမ်းလှမ်းမှုကိုလက်ခံဖြစ်သွားတာပေါ့။ မိခင်အဖွဲ့အစည်းကနေတဆင့် KSCC က Nominate လုပ်တယ်ပေါ့နော Nominate လုပ်ပြီးမှ တခါပြန်တင်တယ်ပေါ့နော” လို့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဗဟန်းထန်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဒုတိယဝန်ကြီးအဖြစ် ကရင်နီတိုင်းရင်းသားထဲမှ ခူးထဲဘူး(ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊ ဦးချစ်ထွန်း (ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန)၊ ခွန်းဘီထူး( သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဗဟန်းထန်( လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန) တို့မှ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ စုစုပေါင်း ၆ဦးကို ဒီကနေ့ မေလ ၃ရက်နေ့မှာ ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ် လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ် Reviewed by THITHTOOLWIN on 19:32 Rating: 5

No comments:

Powered by Blogger.