KIA ကို တိုက်ခိုက်ရန်နှင့် NLD ကို ဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား


May 10, 2021/ Kachin News Group

ပူတာအိုခရိုင် နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် အိမ်ထောင်စုတိုင်း လက်နက်ရရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဌာနေပြည်သူ့စစ်အဖွဲ့ထံ တောင်းဆိုထားသည်ဟု သတင်းရရှိသည်။

မေလဆန်းပိုင်းကပင် USDP ပါဝင်တီအချို့နှင့် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်က နောင်မွန်မြို့မှ ၈မိုင်ခန့်ဝေးသည့် ဌာနေပြည်သူ့စစ်အဖွဲ့တည်ရှိရာ ရပ်ပေါ့ကျေးရွာ(Rap Baw Mare) သို့ သွားရောက်ကာ လက်နက်ရရှိရေးအတွက် အကူအညီတောင်းခဲ့သည်ဟု နောင်မွန်းဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“ရပ်ပေါ့ကျေးရွာထဲမှာ ပြည်သူ့စစ်စခန်းတစ်ခုရှိတယ်။ ကြံ့ခိုင်ရေး ပါတီဝင်တွေက သွားပြီး  KIA  နှင့် NLD ကို တိုက်ခိုက်ဖို့ လက်နက်လိုအပ်နေတယ်။ ပြီးရင် နောင်မွန်မှာရှိတဲ့  NLD ပါတီဝင်တွေကို ဖမ်းဖို့ ပြည်သူ့စစ်တွေနဲ့ ပြီခဲ့တဲ့ ရက်ပိုင်းကပဲ သွားရောက်ဆွေးနွေးတာတွေလုပ်ခဲ့တယ်တဲ့။ အဲ့မှာ တစ်အိမ်ထောင်မှာ လက်နက်တစ်ခုရရှိဖို့ သွားတောင်းခဲ့တယ်” ဟု ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နောင်မွန်မြို့နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ကိုယ်စားလှယ်များကိုလည်း ဖမ်းဆီးရန် ပြင်ဆင်နေသည်ဟု သူက ဆက်လက်ပြောဆိုသည်။

နောင်မွန်ဒေသတွင် လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ဌာနေပြည်သူ့စစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့ပူးပေါင်းပြီး ကျေးရွာအလိုက်စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် လူငယ် ၂၀ ဦးခန့်က ဌာနေပြည်သူ့စစ်အဖွဲ့တွင် စစ်ပညာသင်ကြားနေကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

KIA ကို တိုက်ခိုက်ရန်နှင့် NLD ကို ဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား KIA ကို တိုက်ခိုက်ရန်နှင့် NLD ကို ဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.