အလော့ဘွမ်သို့ ပြန်လည်ချီတက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ထိခိုက်ကျဆုံးမှုများ


May 10, 2021/ Kachin News Group

အလောဘွမ့် (Alaw Bum) တောင်ဘက်သို့ စစ်ကူအဖြစ် ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား ၂၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၀ ရက်နေ့ ယနေ့ နံနက် ၄နာရီခွဲအချိန်က အဆိုပါ အာဏာသိမ်းစစ်တပ် အင်အား ၂၀၀ခန့်သည် လမ်းတွင် ၅ကြိမ်ထက်မနည်း မိုင်းခွဲခံလိုက်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။

“စစ်သားတွေက အလောဘွမ့်တောင် လမ်းမကြီးတည့်တက်လာကြတာဟုတ်တယ်။ အဲ့ဒါကို KIA ထောင်ထားတဲ့ မိုင်းနင်းမိတယ်တဲ့။ အဲ့မှာဘဲ နာရီဝက်အကြာအပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတယ်။ စစ်တပ်ဘက်က အထိနာများသွားလို့ ရှေ့တိုးနောက်ဆုတ်ဖို့ ခက်နေတယ်လို့ကြားတယ်။” ဟု ပြောဆိုသည်။

အလော့ဘွမ်တောင်ဘက်ကို စစ်အင်အား ၂၀၀ ခန့်ဖြင့် ချီတက်သွားသည်မှာ ၃ရက်ခန့်ရှိသွားပြီး  လမ်းတစ်လျှောက် ရှန်းထုန်းဘွမ့် (Shang Htung Bum) တွင် ပိတ်မိနေသည့် စစ်သားများကို စစ်အင်အားထပ်ဖြည့်ရန် စားနပ်ရိက္ခာနှင့်တကွ တက်သွားသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။


Kachin News Group

https://www.facebook.com/theKachinNews

အလော့ဘွမ်သို့ ပြန်လည်ချီတက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ထိခိုက်ကျဆုံးမှုများ အလော့ဘွမ်သို့ ပြန်လည်ချီတက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ထိခိုက်ကျဆုံးမှုများ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.