Frontier Myanmar အယ်ဒီတာ လေဆိပ်မှာ ထိန်းသိမ်းခံရ

 Frontier Myanmar သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီ ဖန်စတာ

ရန်ကုန်မြို့ အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီ ဖန်စတာ ကို ရန်ကုန်လေဆိပ်မှာ အာဏာသိမ်း စစ်ကောင်စီက ထိန်းသိမ်းလိုက်ပါတယ်။

ကွာလာလမ်ပူမြို့ကို ထွက်ခွာမယ့် မစ္စတာ ဒန်နီ ဖန်စတာကို လေယာဉ်ခရီးစဉ်မတိုင်မီ လေဆိပ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး အခုအခါ သူ့ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း Frontier Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ဒန်နီ ဖန်စတာဟာ မိသားစုနဲ့တွေ့ဖို့ နဲ့ ကိုဗစ်ဆေး ထိုးဖို့အတွက် အမေရိကန်နိုင်ငံကို အားလပ်ရက် ခေတ္တ ပြန်မှာ ဖြစ်တယ်လို့ Frontier Myanmar သတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေက ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဒန်နီ ဖန်စတာဟာ မြန်မာနိုင်ငံမှာ တရားဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ နေနေတာ ဖြစ်ပြီး သူ့ကို ဘာ့ကြောင့် ထိန်းသိမ်းသွားတာလဲ ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

အမေရိကန်လူမျိုး မစ္စတာ ဒန်နီ ဖန်စတာအတွက် လိုအပ်တာတွေကို ရန်ကုန်မြို့ အမေရိကန်သံရုံးက လိုက်ပါဆောင်ရွက်နေတယ်လို့ ဦးဆန်နီဆွေက ပြောပါတယ်။

မစ္စတာ ဒန်နီ ဖန်စတာဟာ စစ်ကောင်စီက အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ အထိန်းသိမ်းခံရတဲ့ တတိယမြောက် နိုင်ငံခြားသား သတင်းသမား ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

Frontier Myanmar အယ်ဒီတာ လေဆိပ်မှာ ထိန်းသိမ်းခံရ  Frontier Myanmar အယ်ဒီတာ လေဆိပ်မှာ ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.