သင်္ကန်းကျွန်း မင်္ဂလာဆောင်တစ်ခုမှာ ပါဆယ်ဗုံးပေါက်၊ လူသုံးဦး သေဆုံး



Share/Bookmark

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် (က)ရပ်ကွက် ဓမ္မာရုံအနီးရှိ တိုက်ခန်းတစ်ခုမှာ ဒီကနေ့ မေလ ၂၅ ရက် နေ့လယ်ပိုင်းက၊ မင်္ဂလာဆောင်အခမ်းအနား ကျင်းပနေစဉ် ပါဆယ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် သတို့သမီး အပါအဝင် လူ သုံးဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ် (က)ရပ်ကွက်၊ ဇေယျသုခလမ်း၊ ဓမ္မာရုံအနီးက တိုက်ခန်း (၃) လွှာမှာ မင်္ဂလာဆောင် အခမ်းအနား ပြုလုပ်နေစဉ်၊ နေ့လယ် ၁ နာရီလောက်မှာ မင်္ဂလာလက်ဖွဲ့ပို့တဲ့ ပါဆယ်ဗုံးကနေ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး၊ သတို့သမီးအပါအဝင် လူ သုံးယောက် အနည်းဆုံး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဝုန်းကနဲ အသံကျယ်ကြီး ကြားလိုက်ရတယ်။ အဲဒီအိမ်က ညီအစ်ကိုနှစ်ယောက်က ကြံ့ခိုင်ရေးသတင်းပေး၊ ၉၆၉ မဘသတွေ၊ အခုကတော့ သုံးယောက်သေတယ်။ သတို့သမီးကတော့ လက်ပြတ်သွားပြီး ဆေးရုံမှာ သေသွားတယ်လို့ ပြောနေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ“

သေဆုံးသူတွေဟာ သတို့သမီး အပါအဝင် အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်လို့လည်း သူက ဆိုပါတယ်။

လတ်တလောမှာတော့ အခင်းဖြစ်ရာနေရာကို ရဲနဲ့ စစ်သား အများအပြားရောက်နေပြီး စစ်ဆေးနေတယ်၊ လမ်းတွေကို ပိတ်ထားတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေက RFA ကို ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/thingangyun-bomb-explosion-05252021043950.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ