ချင်းမိုင်ရောက် DVB သတင်းသမားတချို့ ထိုင်းကဖမ်း


(၁၀/၅/၂၀၂၁)

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ DVB ဝန်ထမ်းတချိုု့ကို ထိုင်း လဝက ရဲက ဒီကနေ့ဖမ်းဆီးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖေါ်ပြပါသည်။

တရားမဝင်နေထိုင်မှု နဲ့ ခွင့်ပြုချက်မရပဲ သတင်းတွေထုတ်လွှင့်တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ သတင်းတွေက ဆိုပါသည်။

မြန်မာသံရုံးဖိအားပေးမှု ပါဝင်ပတ်သက်ခြင်းရှိမရှိ တော့ သတင်းမှာ ဖေါ်ပြမထားပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ရပ်တည်လို့မရတော့တဲ့ သတင်းဌာနတွေဟာ ထိုင်းနယ်စပ်ကနေ သတင်းတွေဆက်လက်ထုတ်လွှင့်နိုင်ဖို့ ကျိုးစားနေကြတာဖြစ်ပါသည်။ ထိုင်းနယ်စပ်ရောက်နေကြောင်း ပုံတွေလည်း သတင်းသမားတွေကိုယ်တိုင်က FB မှာ ရေးသားဖေါ်ပြနေကြသည်ကို တွေ့ရသည်။

အခု ဖမ်းထားသူတွေကို ထိုင်းအာဏာပိုင်တွေက ဘယ်လို အရေးယူမယ်ဆိုတာတော့ မသိရသေးပါဘူး။


Burma News Network

https://www.facebook.com/burmanewsnetwork

ချင်းမိုင်ရောက် DVB သတင်းသမားတချို့ ထိုင်းကဖမ်း ချင်းမိုင်ရောက် DVB သတင်းသမားတချို့ ထိုင်းကဖမ်း Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.