ကျိုင်းတုံ ဈေးသည်အမျိုးသမီး သေနတ်ပစ်သတ်ခံရ

ပုံစာ သေနတ်ပစ်ခံရသည့် ဈေးသည်အမျိုးသမီး စီးနင်းလာသည့် ဆိုင်ကယ်

မေ ၁၀ရက် ၂၀၂၁

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ (မေ ၉ )ရက် မနက် ၄နာရီ တွင် ဈေးသည် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျိုင်တုံမြို့ ယမန်နေ့ မနက် ၄နာရီ ခွဲခန့်တွင် ကျိုင်းတုံမြို့-မိုင်းယန်းလမ်းတွင် အသက် (၅၁)နှဏ် အရွယ်ရှိ အမျိုးသမီး တဦး သေနတ်ပစ်ခံရပြီး ၊ဝဲဘက် ရင်ဘတ်ဘေး နှင့် ဝမ်းဗိုက် ဒဏ်ရာရရှိကာ သေဆုံးသွားကြောင်း ကျိုင်းတုံမြို့နေ ဒေသခံတဦးပြောပြချက် အရသိရသည်။

“အမျိုးသမီး တစ်ဦး မနေ့က သေနတ်ဒဏ်ရာ ၃ချက် ထိမှန်ပြီး သေဆုံးသွားတာ ဟုတ်ပါတယ်။ ဘယ်သူ  ပစ်သွားလဲဆိုတာတော့ မသိဘူး” ဟု ကျိုင်းတုံ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အသက် (၅၁)ဦးရှိ အမျိုးသမီးသည် ရပ်ကွက်ထဲတွင် ဖွင့်လှစ်ထားသည့် ကန်နားလုံဈေးသို့ ကုန်စိမ်းရောင်းချရန်အတွက် ဆိုင်ကယ်ဖြင့် မောင်းနှင်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခံကာ သေဆုံးသွားသည်ဟု  သိရသည်။

လက်ရှိအချိန်တွင် မည်သူပစ်သွားသည်ကို မသိရသေးကြောင်း နှင့် စစ်ကောင်စီမှ ည ၁၀ နာရီ မှ မနက် ၄ နာရီ အထိ အပြင်မထွက်ရ အမိန့်း ထုတ်ပြန်ထားသည်။

ကျိုင်းတုံမြို့တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြသည့်  လူငယ် ၁၄ ဦးဖမ်းထားခံရပြီး လက်ရှိအချိန်ထိ တဦးတယောက်မှ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျိုင်းတုံ ဈေးသည်အမျိုးသမီး သေနတ်ပစ်သတ်ခံရ ကျိုင်းတုံ ဈေးသည်အမျိုးသမီး သေနတ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.