တာချီလိတ်မှာ ဖျော်ဖြေရေး နေရာတွေ ပြန်ဖွင့်လို့ ထိုင်း နယ်စပ် လုံခြုံရေး ပိုတင်းကျပ်လာလို့ ဆို

ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့တွေ ကင်းလှည့်နေတာ တွေ့ရစဉ်။

ချင်းရိုင်၊ မေ ၁၀၊ ၂၀၂၁

ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ ဖျော်ဖြေရေး လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်ပြီးနောက် ထိုင်း နယ်ခြားစောင့် အထူးတပ်ဖွဲ့ဟာ ချင်းရိုင်ခရိုင် နယ်စပ်တလျှောက်က ထိုင်း - မြန်မာနယ်စပ်ကို ပိုမိုတင်းကျပ်စွာ ကင်းလှည့် စောင့်ကြည့် နေတယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။

အထူးသဖြင့် COVID-19 ပြန့်ပွားမှု အန္တရာယ်ကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှောက် မှောင်ခိုရောင်းဝယ်တာ သို့မဟုတ် လောင်းကစားဝိုင်းတွေကြောင့် ပိုပြီး နိုးနိုးကြားကြား ရှိနေကြတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလကနေ ဒီနေ့အထိ အဲဒီ အထူးတပ်ဖွဲ့ဟာ မြန်မာနိုင်ငံဘက်က တရားမဝင် လာရောက်သူတွေကို ၁၃ ကြိမ် ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက လာရောက်ဖွယ်ရှိတဲ့ လူမှောင်ခို တင်သွင်းခံရသူ ၅၉ ဦး ကိုလည်း ဖမ်းမိ ခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားနဲ့ နယ်စပ် စစ်ဆေးရေးဂိတ်ကနေ ၁ ကီလိုမီတာ ခန့်သာဝေးတဲ့ တာချီလိတ်မြို့က King horse fly pub 6888 လို့ ခေါ်တဲ့ ဖျော်ဖြေရေးနေရာမှာ အလုပ်အကိုင်တွေကို ကြော်ငြာခဲ့တယ်လို့ သတင်းရင်းမြစ် တွေက ပြောကြောင်း The Nation က ဆက်လက်ဖော်ပြပါတယ်။

ဒါ့အပြင် ကာစီနို လောင်းကစားရုံရှိ ဖျော်ဖြေရေးနေရာတွေနဲ့ ဟိုတယ်တွေလည်း ဖောက်သည်တွေ အတွက် ပြန်လည် ဖွင့်လှစ်နေပြီလို့လည်း သတင်းက ဆိုပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

တာချီလိတ်မှာ ဖျော်ဖြေရေး နေရာတွေ ပြန်ဖွင့်လို့ ထိုင်း နယ်စပ် လုံခြုံရေး ပိုတင်းကျပ်လာလို့ ဆို တာချီလိတ်မှာ ဖျော်ဖြေရေး နေရာတွေ ပြန်ဖွင့်လို့ ထိုင်း နယ်စပ် လုံခြုံရေး ပိုတင်းကျပ်လာလို့ ဆို Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.