CDM ပါ၀င်နေသည့် ဗန်းမော်ဆေးရုံအုပ်ကြီး နေအိမ်ထိုင်ခုံပေါ်တွင် ထိုင်လျက် သေဆုံးနေ


မေ၊၁ 

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့က CDM တွင် ပါ၀င်နေသည့် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မင်းဇော်အေးသည် ယမန်နေ့ ဧပြီလ( ၃၀) ရက်နေ့ည က ၎င်း၏ နေအိမ်တွင် သေဆုံးနေကြောင်း သိရသည်။

ဧပြီလ (၃၀)ရက်နေ့ညက ဒေါက်တာမင်းဇော်အေးသည် ၎င်း၏ နေအိမ်အခန်းတွင်းရှိ ထိုင်ခုံတွင် ထိုင်လျက် သေဆုံးနေကြောင်း ဗန်းမော်မြို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။ 

"ဒေါက်တာက CDM လုပ်ပြီးတော့ မြစ်ကြီးနားမှာ သွားနေတာတဲ့။  ရဲကားတွေနဲ့ စစ်ကားတွေနဲ့ သူ့ကို သွားရှာတာ။ ဗန်းမော်ဆေးရုံပြန်ဖွင့်ပေးဖို့ အဲဒီလိုမျိုး နည်းနည်း အတင်းအကျပ်တွေ ပြောတာပေါ့။ အဲဒါနဲ့ သူက ဗန်းမော်ကို ပြန်လာခဲ့ပြီး နှစ်ရက်သုံးရက်ပဲရှိသေးတယ်တဲ့။ သူ့ရဲ့အိပ်ခန်းထဲမှာတဲ့  သူတစ်ယောက်တည်းလို့ ပြောတာပဲ။ သူနဲ့ အမျိုးတော်တဲ့ သူက ဖုန်းဆက်တာ မကိုင်တော့  သူ့အိမ်ကို လိုက်သွားပြီး အခန်းထဲ ဝင်ကြည့်တဲ့အခါကျမှ အခန်းထဲ ထိုင်ခုံမှာ ထိုင်လျက်လေး သေဆုံးနေတာတဲ့။ "ဟုပြောသည်။ 

မည်သည့်အကြောင်းရင်းဖြင့် သေဆုံးရခြင်း မသိရှိရသေးကြောင်း နှင့် လက်ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထား​ကြောင်း ဒေသခံက ဆက်လက်ဆိုသည်။ 

"အခုက PM လုပ်ဖို့အတွက် ဆေးရုံ ရင်ခွဲရုံပို့ထားတယ်ပေါ့ ။ လုပ်ပြီးလား မပြီးလားတော့မသိဘူး။ ပို့ထားတုန်းလို့တော့ပြောတယ်။ သေဆုံးနေတာတွေ့တာပေါ့။ ဘာကြောင့်လည်း ဆိုတာ မသိဘူးပေါ့။ ရင်ခွဲစစ်ပြီးမှ သိမှာပေါ့အဖြေကတော့။ တစ်ချို့ကတော့ နှလုံးရပ်ပြီး သေဆုံးတာလို့ ခန့်မှန်းတာပေါ့။ "ဟု ဆက်လက်ပြောသည်။ 

ဒေါက်တာမင်းဇော်အေးအား ရာဇသတ်ကြီးပုဒ်မ  ၅၀၅-က ဖြင့်အမှုဖွင့်ကြောင်း  ဧပြီလ (၂၈)ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

CDM ပါ၀င်နေသည့် ဗန်းမော်ဆေးရုံအုပ်ကြီး နေအိမ်ထိုင်ခုံပေါ်တွင် ထိုင်လျက် သေဆုံးနေ CDM ပါ၀င်နေသည့် ဗန်းမော်ဆေးရုံအုပ်ကြီး နေအိမ်ထိုင်ခုံပေါ်တွင် ထိုင်လျက် သေဆုံးနေ Reviewed by THITHTOOLWIN on 17:46 Rating: 5

No comments:

Powered by Blogger.