ပဲခူးတွင် ယမန့်နေ့ညက ပစ်ခတ်ခံရ၍တစ်ဦးသေဆုံး





ပဲခူး ဧပြီ ၃၀ ။

ယမန့်နေ့ညက စစ်တပ်မှအရာရှိနှင့်ရဲတပ်ဖွဲ့ဝင်တို့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီ တစ်ဦးသေဆုံးခဲ့သည်ဟုကနဦးသတင်းရရှိသည်။

ပစ်ခတ်ခံရလို့သေသွားတဲ့သူတစ်ဦးရင်ခွဲရုံရောက်လာတယ် ရဲလို့ပြောတယ် သေတာတော့မှန်တယ် ရဲဟုတ်မဟုတ်တော့အတိအကျမသိသေးဘူး ဒဏ်ရာရတဲ့သူတွေကိုလဲဆေးရုံမှဆေးကုပေးနေတယ်ဟု ပဲခူးဆေးရုံနှင့်နီးစပ်သူတစ်ဦးကအတည်ပြုပြောကြားသည်။

ယမန့်နေ့ည ၁၁ နာရီခန့်က ကြည်တော်ကုန်းထိပ်က‌နေအိမ်စီးကားအဖြူရောင်အားရဲတပ်ဖွဲဝင်များကားဖြင့်လိုက်လံပစ်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများကဆိုသည်။

အိမ်စီးကားအဖြူရောင်တွင်စစ်တပ်မှအရာရှိမောင်းလာသည်ဟုဒေသသတင်းများထွက်ပေါ်လျှက်ရှိသည်။

ဗိုလ်ကြီးကား နှင့် ရဲမှူးကားတို့ သနပ်ပင်လမ်းမတလျောက် သေနတ်နဲ့ပစ်‌ကြပြီ  နာရီစင်ရှေ့အရောက်တွင် ဗိုလ်ကြီးကားမှာ ဘလောက်တုံးများဝင်တိုက်မိ၍ မှောက်လျက်သားဖြစ်သွားသည်ဟုဒေသတွင်သတင်းထွက်ပေါ်သည်။

ဗိုလ်ကြီးအားကားထဲမှဆွဲထုတ်၍ အသက်လုနေရပြီခရိုင်မီးသတ်မှ ကယ်ဆယ်ရေးကားဖြင့်ပြန်မတ်ပေးခဲ့ရသည်ဟု ဒေသခံများကြားပြောဆိုလျှက်ရှိသည်။

ပစ်ခတ်သံများပဲခူးဈေးတံတားထိပ်အထိကြားရသည်ဟု ပဲခူးမြို့ခံများကအတည်ပြုသည်။

အတွဲလိုက်‌‌ရောတချက်ချင်းစီရောသေနတ်သံတွေကြားရတယ်ဟု သနပ်ပင်လမ်းနေသူတစ်ဦးကအတည်ပြုပြောကြားသည်။

လိပ်ပြာကန်နား ပစ်တဲ့အသံကြား ရဲကားတွေအပြင်းမောင်း 

သွားတာအိမ်စီးကားတစ်စီးမောင်းပြေးလို့ လိုက်ပစ်တာလို့သိရတယ်ဟု လိပ်ပြာကန်အနီးနေထိုင်သူတစ်ဦးကပြောကြားသည်။

ပဲခူးမြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များအိမ်စီးကားများဖြင့် ပြည်သူများအားလိုက်လံဖမ်းဆီးမှုများပြုလုပ်နေသဖြင့်အချင်းချင်းမှားယွင်းပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟုဒေသခံများကသုံးသပ်လျှက်ရှိသည်။

ပေးပို့ CJ

Edit - သေဆုံးသူမှာရဲဒုတပ်ကြပ်တစ်ဦးဖြစ်ပြီ ယမန့်‌နေ့ညက ဆေးကုသမှုခံယူရန် ရန်ကုန်သို့ပို့ဆောင်ရာလမ်းတွင်သေဆုံးသွားသဖြင့် ပဲခူးဆေးရုံရင်ခွဲရုံတွင်ထားရှိထားခြင်းဖြစ်သည်ဟုဆေးရုံမှအတည်ပြုသည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212/

ပဲခူးတွင် ယမန့်နေ့ညက ပစ်ခတ်ခံရ၍တစ်ဦးသေဆုံး ပဲခူးတွင် ယမန့်နေ့ညက ပစ်ခတ်ခံရ၍တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.