တောင်ကြီးလူငယ် တဦးကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးသွား


ဧပြီ ၃၀ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယမန် ( ဧပြီ ၂၉ ) ညနေ့ ၃နာရီ အချိန်၌ အကြမ်းဖက် စစ်ကောင်စီ မှ လူငယ် တဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ကံအောက်ရပ်ကွက် ရွှေနှင်းဆီဝက်သားချဉ်ဆိုင်းအနီး  အိမ်စီးကားဖြင့် လာရောက်ပြီး လူငယ် (၂)ဦး ကို ဖမ်းဆီးရန် ပြုလုပ်ရာ တဦးကို ဖမ်းမိပြီး တဦးမှာ ပြန်လည်လွှတ်လာကြောင်း တောင်ကြီးမြို့ နေ မျက်မြင်တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လူငယ် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားတယ်။ တယောက်ပဲပါသွားတယ်။ တယောက်တော့ လွှတ်လာတယ်။ ဆံပင်ရှည်နဲ့ ကောင်းလေး ပါသွားတယ်။ ဘာကြောင့်ဖမ်းတာလဲတော့ မသိရသေးဘူး။” ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူက ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် ယခုရက်ပိုင်း  တောင်ကြီမြို့ အတွင်းရှိ ယမ်းလုပ်သည့် အိမ်များကို အဓိကဝင် ဖမ်းနေကြောင်း သိရသည်။ 

ဖေဖော်ဝါရီ  ၁ ရက်နေ့မှ စစ်အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာဆန်ကျင်သူများ၊  နာမည်ကြီးပုဂ္ဂိုလ်များ၊ အနုပညာရှင်များ တို့ကို ရာဇသတ်ပုဒ်မ ၅၀၅ ကဖြင့် ဖမ်းဝရမ်းထုတ်ပြီး အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီနေကြသည်။ 

ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် ပြည်သူများ နေအိမ် အထိ အကြောင်းမဲ့ လိုက်လံဖမ်းဆီးခြင်း၊ ကားတိုက်ပြီး ဖမ်းဆီးခြင်း တို့ကိုပြုလုပ်ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီးလူငယ် တဦးကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးသွား တောင်ကြီးလူငယ် တဦးကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 17:50 Rating: 5

No comments:

Powered by Blogger.