ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွား



Share/Bookmark
ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ စက်ဆန်းမှာရှိတဲ့ မက်ခရိုကုန်တိုက်ရဲ့ ကားပါကင်မှာ ဒီနေ့မွန်းလွဲပိုင်း ၂ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့် ကုန်တိုက်အတွင်း ဈေဝယ်သူများအပါအဝင် မည်သူကိုမှ အပြင်ကိုဝင်ထွက်ခွင့်မပေးထားဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်းရောက်ရှိနေပြီလို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပျက်စီးဆုံးရှုံးမှုကိုလည်းမသိရှိရသေးပါဘူး။

မက်ခရိုကုန်တိုက်ဟာ မေ ၂၁ ရက်ကစလို့ ဈေးဝယ်လာရောက်သူတွေအားလုံး ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် မှတ်ပုံတင် တို့ကို လုံခြုံရေးဂိတ်မှာ ပြသပြီးမှ ဈေးဝယ်စင်တာထဲကို ဝင်ရောက်ခွင့်ပြုမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ အဲဒီကြေညာချက် လူမှုကွန်ရက်မှာပျံ့နှံ့လာပြီးနောက်တစ်ရက်မှာ ခုလို ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း မက်ခရိုစီးပွားရေးလုပ်ငန်းစုဟာ စစ်တပ်နဲ့ဆက်နွှယ်တဲ့လုပ်ငန်းဖြစ်တာကြောင့် လူမှုရေးပြစ်ဒဏ်(Social Punishment) ပေးသင့်ကြောင့် ရေးသားပြောဆိုမှုတွေရှိတဲ့အပေါ် မက်ခရိုကုန်တိုက်ဘက်က ဘယ်အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်တဲ့ ပုဂ္ဂိလက စီးပွားရေးလုပ်ငန်းစုသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ