စစ်ကောင်စီက လယ်သမားတွေ ချေးငွေပြန်ဆပ်ပြီး အသစ်ချေးဖို့ကြေညာ


စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ အနှံ့က တောင်သူလယ်သမားတွေကို မိုးကာလ စိုက်ပျိုးစရိတ်တွေထုတ်ချေးတော့မှာဖြစ်လို့ အရင်နှစ်တွေက ချေးယူထားတဲ့ ကြွေး‌ဟောင်းကို ပြန်ဆပ်ကြဖို့ကို မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မိုးရာသီ ချေးငွေကို ၂၀၂၁ ဧပြီလ ၁၅ ရက်နေ့ အစား ဇူလိုင်လ ၃၁ ရက်နေ့ထိ တိုးမြှင့်ပြင်ဆင်ပေးခဲ့ပြီး ဖြစ်ပြီး အခုအခါ စိုက်ပျိုးစရိတ်ချေးငွေတွေကို မေလ ၂၆ ရက်နေ့ကစပြီး စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ထုတ်ချေးမှာဖြစ်လို့ချေးယူထားတဲ့ကြွေး‌ဟောင်းကို ကြေအောင်ဆပ်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက တောင်သူအချို့ဆီက ရတဲ့သတင်းအရ တောင်သူတွေဟာ ကိုဗစ်ကာလအပြီး သီးနှံတွေ စျေးကောင်းမရသလို ပြည်ပတင်ပို့တဲ့စျေးကွက် ပျောက်နေတဲ့အတွက်‌ စိုက်ပျိုးစရိတ်ကြွေးဟောင်းဆပ်ဖို့ မလွယ်ကူကြောင်းနဲ့‌ တောင်သူတွေ ဒီနှစ်လယ်လုပ်ဖို့ ကလည်း ပြီးခဲ့တဲ့နှစ်က အရင်းမရတဲ့အပြင် မျိုးစားရိတ် ရှုံးခဲ့တဲ့အတွက် လာမယ့်နှစ် လယ်လုပ်သူ နည်းလာနိုင်တယ်လို့လည်းဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

စစ်ကောင်စီက လယ်သမားတွေ ချေးငွေပြန်ဆပ်ပြီး အသစ်ချေးဖို့ကြေညာ  စစ်ကောင်စီက လယ်သမားတွေ ချေးငွေပြန်ဆပ်ပြီး အသစ်ချေးဖို့ကြေညာ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.