တောင်ကြီးမြို့ အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွား


မေ ၁၃ရက် ၂၀၂၁

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ယနေ့ (မေ ၁၃)ရက်  မနက်ပိုင်းတွင်  အမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တောင်ကြီး မြေဖြူရပ်ကွက် တွင်နေထိုင်သည့် အမျိုးသမီး တဦး ကို သူမ၏ အိမ်အကူအမျိုးသမီးတဦးက စစ်ကောင်စီ ကို သတင်းပေးမှုကြောင့် ယနေ့(မေ ၁၃)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ အုပ်စုက နေအိမ်ထိလာပြီး ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တောင်ကြီး ဒေသခံတဦး က ပြောသည်။

“ ဘာကြောင့်ဖမ်းတာလဲတော့ မသိဘူး။ အိမ်ဖော် က  သတင်းပေးလို့လာဖမ်းတယ်လို့ပြောတယ်။ ခုခြေနေ တော့ဘယ်လိုရှိလဲ မသိရသေးဘူး။  ကျနော်တို့တောင်ကြီးမှာ အိမ်ဖော်တွေတောင်း မယုံရတာ့ဘူး။” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦး ကပြောသည်။ 

ယခုရက်ပိုင်း တောင်ကြီးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသည့် လူငယ်များ၊ ပြည်သူများကို စစ်ကောင်စီက အဖမ်းအဆီး ကြမ်းနေကြောင်း၊ လူထု ဆန္ဒပြမှု လှုပ်ရှားမရအောင် စစ်ကောင်စီ က ပြုလုပ်နေကြောင်း သိရသည်။

တောင်ကြီးတွင် လမ်းသွား၊လမ်းလားများကို နေ့စဉ် စစ်ဆေးမှု တင်းကြပ်မနေကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ (၁)ရက်မှ ယနေ့ထိ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ပြည်သူ (၆၀)ဦးအထက်ရှိကြောင်း လည်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာဆန်ကျင်သူများ၊ နာမည်ကြီးပုဂ္ဂိုလ်များ၊ အနုပညာရှင်များ တို့ကို ရာဇသတ်ပုဒ်မ ၅၀၅ ကဖြင့် ဖမ်းဝရမ်းထုတ်ပြီး အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီနေကြသည်။

ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် ပြည်သူများ နေအိမ် အထိ အကြောင်းမဲ့ လိုက်လံဖမ်းဆီးခြင်း၊ ကားတိုက်ပြီး ဖမ်းဆီးခြင်း တို့ကိုပြုလုပ်ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွား တောင်ကြီးမြို့ အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.