မြန်မာ့ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ Kirin ဘီယာ လုပ်ငန်းဝင်ငွေ ၄၆ ရာခိုင်နှုန်းကျော် ကျဆင်းလို့ ဆို

သတင်း/ဓာတ်ပုံ - Nikkei Asia

တိုကျို၊ မေ ၁၃၊ ၂၀၂၁

ဂျပန်ကုမ္ပဏီ Kirin Holdings က မြန်မာ့ တပ်မတော်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းစုကြီးနဲ့ ဖက်စပ် လုပ်ကိုင်ခြင်းက ရပ်နားဖို့ ကြိုးစား နေချိန်မှာ လုပ်ငန်းခွဲတခုဖြစ်တဲ့ Myanmar Brewery ဟာ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်မှာ ဝင်ငွေ ၄၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ Nikkei Asia သတင်းက ဖော်ပြပါတယ်။

ယခင်နှစ် အလားတူကာလက ၁၀ ဒသမ ၇ ဘီလီယံယန်း ရရှိခဲ့ရာက ဝင်ငွေဟာ ယန်း ၅ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၅၂ သန်း) ကို ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Myanmar Brewery ကုမ္ပဏီဟာ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နဲ့ လက်တွဲလုပ်ကိုင်နေပြီး ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု အပြီးမှာ Kirin က ၎င်းဟာ“လက်ရှိ ဖက်စပ်လုပ်ငန်းကို ရပ်ဆိုင်းဖို့ကလွဲရင် အခြားရွေးချယ်စရာ လမ်းမရှိဘူး” လို့ ကြေညာခဲ့ပါတယ်။

နောက်ဆုံးဝင်ငွေ ကြေညာချက်မှာ Kirin က ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းရေးအတွက် ဆက်လက် ဆွေးနွေးနေကြောင်း၊ ကုမ္ပဏီ အနေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံမှုနဲ့ ကျန်းမာရေးကို အဓိကဦးစားပေး ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့ပါတယ်။

တက်ကြွ လှုပ်ရှားသူ တရားမျှတမှု အဖွဲ့ (Justice for Myanmar) က ထုတ်ပြန် ကြေညာချက် ၁ ခုအရ ရလဒ်တွေဟာ စစ်တပ် ရဲ့ ထုတ်ကုန်တွေကို မြန်မာပြည်သူတွေက သပိတ်မှောက်မှုဟာ ထင်ရှားတဲ့ သက်သေသာဓက ဖြစ်တယ်လို့ ပြောကြားပါတယ်။

Kirin ကမူ Myanmar Brewery ရဲ့ ဝင်ငွေဟာ ဈေးကွက်နဲ့ အတူတူနီးပါး ကျဆင်းခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

စားသုံးသူတွေရဲ့ဝယ်လိုအားနည်းတာ၊ ရောင်းလိုအား လျော့ကျတာနဲ့ ရောင်းဝယ်မှုအပေါ် ကန့်သတ်မှုတွေကြောင့် မြန်မာ ဘီယာ ဈေးကွက်ဟာ ၄၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ Kirin က ခန့်မှန်းထားကြောင်းလည်း သတင်းမှာ ဖော်ပြထား ပါတယ်။

သတင်း/ဓာတ်ပုံ - Nikkei Asia


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာ့ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ Kirin ဘီယာ လုပ်ငန်းဝင်ငွေ ၄၆ ရာခိုင်နှုန်းကျော် ကျဆင်းလို့ ဆို မြန်မာ့ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ Kirin ဘီယာ လုပ်ငန်းဝင်ငွေ ၄၆ ရာခိုင်နှုန်းကျော် ကျဆင်းလို့ ဆို Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.