တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဈေးဆိုင်ခန်းငှားရမ်းခ ကို မေ ၁၄ရက် နောက်ဆုံးပေးသွင်းရန် အကြောင်းကြားစာပို့ထားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ မေလ ၅ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ခန်းများကို ငှားရမ်းခ သွင်းရန် အကြောင်းကြားစာပို့ခဲ့သည်။

လက်ရှိမှာ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု၊ ကိုဗစ်-၁၉  ကူးစက်ရောဂါကြောင့် ရှာဖွေစားသောက်မှုခက်ခဲ အဆင်မပြေနေချိန် စစ်ကောင်စီ တောင်းဆိုနေသည့် ဆိုင်ခန်းခ ကို မပေးနိုင်သည့်အတွက် ဆိုင်ပိတ်သိမ်းသွားမည် ဟု တောင်ကြီး မြို့မဈေးဆိုင်တန်းမှ ဈေးသည်များက ပြောသည်။

“ စားဖို့သောက်ဖို့တောင်း မနည်းရှာနေရတာ။ တစ်လတစ်လ ရောင်းရတာက ဆိုင်ခန်းခတောင်းမပေးနိုင်ဘူး။ သူတို့ကိုလာရောင်းခိုင်းကြည့်လေ။ ကျနော်တို့ကတော့ ပိတ်ထားလိုက်ပါပြီး” ဟု တောင်ကြီးမြို့ မြို့မဈေးတွင် အထည်ရောင်းသည့် သူတစ်ဦးကပြောသည်။ 

အလားတူ စစ်ကောင်စီမှ ဆိုင်ခန်းခ သွင်းဆောင်ရန်အတွက် မေလ ၁၄ ရက်နေ့တွင် အမြန်ဆုံးလာသွင်းဆောင်ရန်အတွက် ကြောညာထားပြီး မသွင်းဆောင်သောဆိုင်ခန်းများကို ဈေးစည်းကမ်းအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

သို့သော် ပြည်သူများက စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မည်သည့်အခွန်မှဆောင်သွားမည် မဟုတ်ကြောင်း အခွန်ဆောင်ရန်အတွက်ငွေမရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ ကျမတို့ကတော့ ဘာမဆောင်နိုင်ဘူး။ သူတို့စသိမ်းကတည်းက မီတာခ၊ ဆိုင်ကယ်အခွန်တွေ၊ ဘာအခွန်မှ မဆောင်ဘူး။ ဆိုင်ခန်းလည်း ကျမဖွင့်ထားတယ်။ လာကောက်လည်း မရှိဘူး။ ဆိုင်ထိုင်စောင့်ခိုင်းပြီးတော့ ရတဲ့ပိုက်ဆံယူသွားလိုက်ပေါ့။ ကျမတို့သူငယ်ချင်းတွေအားလုံးလဲ အခွန်မဆောင်ကြဘူး” ဟုတောင်ကြီးမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအနေဖြင့် အာဏာဖီဆန်ရေး  CDM အနေဖြင့် အခွန်မဆောင်ခြင်းအနေဖြင့် ဆန့်ကျင်ခဲ့ကြသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.