လက်နက်ကြီးထိမှန်ပြီး အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံး


ယမန်နေ့ည ၂၇ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ စက်သေနတ်၊ အမြောက်တွေနဲ့ ကျေးရွာ၊ ရပ်ကွက်ထဲကို ရမ်းသမ်းပစ်ခတ်ပြီး ငွေတောင်ကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦးက လက်နက်ကြီးထိမှန်ကာ သေဆုံးသွားတယ်လို့ ငွေတောင်ကျေးရွာ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ 

“ အဲ့ဒါက ပြည်သူပဲ။ ငွေတောင်အုပ်စုမှာက ဘယ်မှ မထွက်တဲ့ ပြည်သူတွေက ကျန်သေးတယ် ရွာထဲမှာ ကျန်ခဲ့တော့။ တိုက်ပွဲက ၈ နာရီလောက်ကတည်းက စပစ်တာ။ ည ၈ လောက်ကနေ နံနက် ၁ နာရီ ၄၅ အထိ။ ပြည်သူတစ်ယောက်က ကျသွားတာပေါ့။ ကျတော့ အခုထိ အလောင်းက ကောက်မရသေးဘူးတဲ့။ ကျတာက သေချာတယ်။ အလောင်းက အခုထိ ကောက်မရသေးဘူး။” လို့ သူက ပြောပါတယ်။ 

အိမ်မှာနေရင်း လက်နက်ကြီးကျပြီး ထိမှန်ကာ သေဆုံးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့  သိရပါတယ်။ 

ယနေ့မေလ ၂၈ ရက်နေ့မှာ နံနက် ၆ ဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လက်နက်ကြီးထိမှန်ပြီး အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံး လက်နက်ကြီးထိမှန်ပြီး အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.