ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅ က နဲ့ တရားရုံအမှုစွဲတင်



ဒီနေ့ မေလ (၂၇)ရက်မှာ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ကနဲ့ တရားရုံးအမှုစွဲတင်တယ်လို့ရှေ့နေအသိုင်းအဝိုင်းက နေသိရပါတယ်။

ဒါ့အပြင် ပုဒ် ၅၀၅ ကနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း ရက်ပေါင်း ၁၈၀အတွင်း အမှုအပြီးစစ်မှာပါ။

တရားရုံးစတင်စွဲတင်တဲ့ မေလ (၄)ရက်ကစပြီး ရက်ပေါင်း ၁၈၀အတွင်း စစ်ဆေးမယ့်အကြောင်း မနေ့ မေလ ၂၆ရက်မှာ ပြုလုပ်တဲ့ မှုခင်းစီမံခန့်ခွဲရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကနေဆုံးဖြတ်ပါတယ်။ ပိုင်တံခွန်ကို စစ်အုပ်ချုပ်ရေးမြို့နယ် မြောက်ဒဂုံမှာ ဖမ်းဆီးခံခဲ့ရပေမယ့် မာရှယ်လောမကြေညာခင် ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် စစ်ခုံရုံးနဲ့အစစ်မခံရဘဲ အရပ်သားတရားရုံးမှာ ရုံးထုတ်တာဖြစ်ပါတယ်။

"အမှုက ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီး ရက်ပေါင်း (၁၈၀ )အတွင်း အပြီးစစ်မှာပါ။ နောက်ရုံးချိန်းက ဇွန်လ (၉)ရက်ပါ။ ကိုရဲတိုက်ရဲ့ (၂) မှုမှာ လသာအမှုကို ဇွန်လ (၁) ရက်မှာစစ်မှာဖြစ်ပြီး မရမ်းကုန်းအမှုကိုက ဇွန် (၃)ရက်ပါ။ တရားလိုတွေကို စစစ်ကြမှာပါ"လို့ ပိုင်တံခွန်နဲ့ရဲတိုက်အမှု လိုက်ပါ ဆောင်ရွက်နေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ သရုပ်ဆောင်ရဲတိုက်ကိုတော့ ပုဒ်မ ၅၀၅ (က) အပြင် မူးယစ်ဥပဒေ ၁၆(ဂ)နဲ့ပါ တရားစွဲဆိုထားတာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅ က နဲ့ တရားရုံအမှုစွဲတင်  ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅ က နဲ့ တရားရုံအမှုစွဲတင် Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.