ဒဏ်ရာရရှိထားတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

Photo - CJ

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဒီးမော့ဆိုမြို့၊ ညောင်ကိုင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KPDF တပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုင်းပွဲအတွင်း ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာရှိခဲ့တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဆေးကုသမှုခံယူရင်း ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကျဆုံးသွားတယ်လို့ နာရေးမှာ ကူညီပို့ဆောင်ပေးနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ 

"ဒီမနက် ၁၀ နာရီကျော် ဝန်းကျင်မှာ သူက ဆုံးသွားတယ်။ အခုက သူ့ရဲ့ ဆွေမျိုးရှိတဲ့ ရွာမှာ သဂြိုလ်ဖို့ပေါ့နော်။ သူ့ရဲ့ ဆွေမျိုးရှိတဲ့ ရွာမှာပဲ သဂြိုလ်ဖို့ ကျနော်တို့က ပြန်ပို့လိုက်တယ်ပေါ့နော်။'' 

အခုလို ရရှိထားတဲ့ ဝမ်းဗိုက်ဒဏ်ရာကို ကြိုးပမ်းကုသခဲ့ပေမယ့်လည်း ဒဏ်ရာအခြေအနေကြောင့် ကျဆုံးသွားတာလို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အင်အားတို့ချဲ့ပြီး ရဟတ်ယာဉ်၊ တင့်ကားနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်လာတာကြောင့် KPDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။ 

 ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ပစ်သတ်တာတွေနဲ့  ၄င်းတို့ရဲ့ လက်နက်ကြီးကျည်တွေကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့ ပျက်စီးတာတွေ၊ အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ဒဏ်ရာရရှိထားတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ဒဏ်ရာရရှိထားတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.