လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်တွင် ပြည်သူတစ်ဦးအသတ်ခံရ


ယနေ့မေလ ၂၉ ရက်နေ့မှာ လွိုင်ကော်မြို့ရှိ နာနတ်တောရပ်ကွက်မှာ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ  အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က နာနတ်တောရပ်ကွက်ထဲ လှည့်ပတ် သွားလာခဲ့ပြီး စစ်ရှောင်နေကြတဲ့ ဘာသာရေးကျောင်းအဆောက်အအုံဝန်းထဲ ဝင်ရောက်ခဲ့ပြီး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ 

သေဆုံးသူမှာ ရေယိုကျေးရွာရဲ့ ရာအိမ်မှုးဟောင်းတစ်ယောက်ဖြစ်ပြီး စစ်ရှောင်ပြည်သူတွေကို ချက်ပြုတ်ကျွေးမွေးတဲ့ လုပ်အားပေးသူတစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ညနေ ၅နာရီကျော်မှာတော့ အ​ကြမ်းဖက် စစ်ကောင်စီတပ်က အဆိုပါနေရာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်တွင် ပြည်သူတစ်ဦးအသတ်ခံရ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်တွင် ပြည်သူတစ်ဦးအသတ်ခံရ Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.