အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဉီး ထိခိုတ်ဒဏ်ရာရရှိ


မေလ(၂၈)၊၂၀၂၁ခုနှစ်

မေ လ(၂၈)ရက်  မနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် ခလရ(၇၅)မှ အကြမ်းဖက်စစ်အုပ်စုများ သည် ဆောမီးလူကျေးရွာ ထီးယားလိုကလိုးနေရာတွင် ရှိသော ဒူးရင်းခြံတဲကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ် မဲ့ပြည်သူနှစ်ဉီး ထိခိုက်ခဲ့ပါသည်။

ထိုပစ်ခတ်မှုကြောင့် ဒူးရင်းခြံအတွင်းရှိ တဲပေါ်တွင် နေသော စောသန်းထူးနှင့် စောအယ်တမွီစိုး ဆိုသူဒေသခံနှစ်ဉီး  ထိခိုတ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ 

ယင်းနှောက် ထိခိုတ်ဒဏ်ရာရသူနှစ်ဉီး အနက်မှ စောသန်းထူး ဆိုသူကို မိသားစုဝင်များ သွားရောက်ရှာဖွေတွေ့ ရှိပြီး ကျောက်ကြီးဆေးရုံသို့ ညနေ (၄)နာရီအချိန်တွင် ပို့ဆောင်ပေးခဲ့ကြပြီး အခြားတစ်ဉီးဖြစ်သော စောအယ်တမွီစိုးကို  အကြမ်းဖက်စစ်အုပ်စုများက ခေါ်ဆောင်သွားခဲ့ပြီး ခေါ်ဆောင်သွားသည့်နေရာ နှင့်ပတ်သတ်၍ အတိအကျမသိရှိရသေးကြောင်း သိရှိရပါသည်။

ယင်းဖြစ်ပွားမှုကြောင် ဒေသခံပြည်သူများ သည် ကြောက်ရွံ့ထိပ်လန့် နေလျှက်ရှိသည်။




Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဉီး ထိခိုတ်ဒဏ်ရာရရှိ အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဉီး ထိခိုတ်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.