ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတစ်ဦး ဆန္ဒပြ

Social Media

ဂျပန် နိုင်ငံမှာ ဒီကနေ့ကစားတဲ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်းက ကစားသမားတစ်ဦး လက်သုံးချောင်းထောင်ပြီး အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဒီကနေ့ပွဲအတွက် အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့တဲ့ ရတနာပုံကလပ်အသင်းက ဂိုးသမား ပြည့်လျှံအောင်က အခုလို ဆန္ဒဖော်ထုတ်ခဲ့တာပါ။ တခြားအသင်းသားတွေကတော့ အဲဒီလို ထုတ်ဖော်ခဲ့တာကို မတွေ့ရပါဘူး။

ဒီပွဲကို အသင်းရဲ့ အဓိက ကစားသမားတွေ အများစုက စစ်အာဏာသိမ်း ဆန့်ကျင်ပြီး မလိုက်ပါခဲ့ကြသလို သပိတ်မှောက်ခဲ့တဲ့ ဂိုးသမား ကျော်ဇင်ထက်ကလည်း အဲဒီလို လက်သုံးချောင်းထောင် ဆန္ဒပြကြဖို့ အသင်းဖော်တွေကို တိုက်တွန်းထားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာအသင်းနည်းပြ အန်တွိုင်း ဟေးကတော့ သူ့အသင်းဟာဖီဖာက ချမှတ်ထားတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ဆန်တဲ့ အပြုအမူတွေကို မလုပ်ရဘူးဆိုတာကို လိုက်နာသွားမှာ ဖြစ်ပြီး ဆန္ဒပြမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ဖီဖာကတားမြစ်ချက်တွေရှိပေမဲ့ ပြီးခဲ့တဲ့ မတ်လ အတွင်းက အိုင်စလန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲ မတိုင်ခင်မှာ ဂျာမနီအသင်းက ၂၀၂၂ကမ္ဘာ့ဖလား အိမ်ရှင် ကာတာကို ရည်ရွယ်ထားတဲ့ လူ့အခွင့်အရေး ဆိုတာ စာတန်းပါတဲ့ တီရှပ်တွေ ဝတ်ဆင်ခဲ့တာကိုတော့ အရေးယူ ခဲ့တာ မျိုး မရှိပါဘူး။

မြန်မာဟာ အုပ်စု အက်ဖ်မှာ အိမ်ရှင် ဂျပန် အသင်းနဲ့ ကစား ရမှာ ဖြစ်ပြီး ကာဂစ်စတန်၊ တာဂျီကစ္စတန် အသင်းတွေနဲ့ လည်း ကစားဖို့ ရှိပါတယ်။

အခု ကစားနေတဲ့ မြန်မာအသင်းကိုလည်း ဂျပန်ရောက် မြန်မာတွေက ကန့်ကွက် ဆန္ဒပြနေကြတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ပွဲမှာ မြန်မာ အသင်းက ဂျပန် အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ်ခဲ့ပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတစ်ဦး ဆန္ဒပြ  ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတစ်ဦး ဆန္ဒပြ Reviewed by THITHTOOLWIN on 03:04 Rating: 5

No comments:

Powered by Blogger.