ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ

ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ ရန်ကုန်မြို့က အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဆရာမများ။ Photo: AFP

မနက်ဖြန် မေ ၃ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေ ကျောင်းပြန်တက်ဖို့နဲ့ ကျောင်းပြန်မတက်ရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်နေလို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဆရာ ၊ ဆရာမတွေ ကျောင်းတက်ရမယ်လို့ ပညာရေးမှူးရုံးတွေက စာထုတ်ထားပြီး ကျောင်းမတက်ရင် ဖမ်းဆီးမယ်ဆိုတာကိုတော့ စာထဲမှာမပါပေမဲ့ နုတ်နဲ့ပြောဆိုတာတွေရှိတယ်လို့ ပြောကြပါတယ်။

CDM ဝင်ထားတဲ့ ဆရာ၊ ဆရာမတွေကို လစာတွေလာယူခိုင်းပြီး မေ ၃ ရက်နေ့ ကျောင်းတက်ဖို့၊ အကြောင်းအရာ အတိအကျမပါတဲ့ ခံဝန်ကတိလက်မှတ်ထိုးဖို့၊ NLD အစိုးရက ကိုဗစ်ကာလတုန်းက ထုတ်ပေးထားတဲ့ လစာ ၂ လစာကို ပြန်ပေးဖို့ စတာတွေနဲ့လည်း အတင်းအကြပ် ဖိအားပေးနေကြ တယ်လို့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က အလယ်တန်းပြ ဆရာမတစ်ယောက်က ပြောပါတယ်။

အခုချိန်မှာ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဝင်ဖမ်းလို့ မတွေ့ရင် မိသားစုကို ဖမ်းဆီးတာတွေ လုပ်နေ တာကြောင့် မိသားစုအတွက်ပါစိတ်ပူပြီး CDM ကို စွန့်လွှတ်လိုက်သူတွေလည်း ရှိနေကြပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက အလယ်တန်းကျောင်းတစ်ခုမှာဆိုရင် အရင်က CDM လုပ်နေတဲ့ ဆရာ၊ ဆရာမ ၂၃ ယောက်ရှိတာကနေ အခုဆို ၁၇ ယောက်ဘဲ ကျန်တော့တယ်လို့ ဆက်ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းတာနဲ့ CDM ထဲပါဝင်သူပညာရေးဝန်ထမ်းအရေအတွက် စာရင်းတွေကိုတော့ မနက် ဖြန် မေ ၃ ရက် မှာ ကျောင်းတက်သူတွေစာရင်းကို ကြည့်မှ သိနိုင်မယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-teacher-05022021104100.html

ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ  ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.