HIV ဝေဒနာသည်ကလေးတွေပါ ဖမ်းဆီးနေ


(၂/၅/၂၀၂၁)

ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဦးစီးလုပ်ကိုင်နေတဲ့ NLD/NACစင်တာက HIVရောဂါဝေဒနာခံစားနေရတဲ့ကလေးငယ် သုံးဦးနဲ့  ဆေးကုသဖို့ရောက်ရှိနေတဲ့သူ ကိုးဦးကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

အခုလိုဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းက သူ့ရဲ့လူမှုကွန်ယက်စာမျင်နှာမှာ အခုလိုပြောထားပါတယ်။

 "ဒီနေ့တော့ ကျမတို့ဆေးရုံ NAC CENTER  ကို အကြမ်းဖက်စစ်အုပ်စုဝင်ရောက်ဖမ်းဆိးပြီး   ART ဆေးသောက်နေတဲ့ ကလေး ၃ ယောက်  နဲ့  အခြားဆေးကုသဖို့ရောက်နေတဲ့သူ  ၉ ဦးကို  မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ် ။  ဒီ့လောက်  လူစိတ်မရှိ  ကျန်းမာရေးမကောင်းလို့ နေထိုင်နေတဲ့သူတွေကို ခေါ်ဆောင်သွားခဲ့တာပါ   ။  ဆေးသောက်နေတဲ့ သူတွေ က အရင်ကတည်းကကျန်းမာရေးမကောင်းတဲ့သူတွေ ဖြစ်နေတာကြောင့်  တစ်စုံတစ်ခုဖြစ်ခဲ့ ရင်  အာဏာရူးတွေရဲ့ တာဝန်သာ ဖြစ် တယ်ဆိုတာ သိစေချင်တယ်  ။ အာဏာရူးတွေအတွက်  အချိန်မရှိနတာ့ ဘူးဆိုတာ သိစေချင်တယ်  ။လူတိုင်းအပေါ်အညှိုးထားပြီးလုပ်နေတဲ့လုပ်ခဲ့တာတွေက  ပြန်ပေးဆပ်ဖို့  အတွက်ပြင်ဆင်ထားပါလို့ပဲပြောချင်ပါတယ်  ။  မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့  လူတွေရဲ့ ဘဝတွေ အသက်တွေဟာ   ဒီအတိုင်းပြီးမသွားဘူး   ပြန်ပေးဆပ်နိုင်ဖို့အတွက်ပြင်ဆင်ထားပါလို့ပဲပြောချင်တယ် "

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHမှာ ပါဝင်ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဖမ်းဆီးဖို့ကြိုးပမ်းခံနေရသူလည်းဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

HIV ဝေဒနာသည်ကလေးတွေပါ ဖမ်းဆီးနေ HIV ဝေဒနာသည်ကလေးတွေပါ ဖမ်းဆီးနေ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.