မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ

မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ ရွှေဘိုမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ ၂၀၂၁ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြကြစဉ် / Photo: CJ

မန္တလေး၊ မုံရွာနဲ့ ရွှေဘိုမြို့တို့က စစ်အာဏာရှင် အလိုမရှိကြောင်းဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်တွေက ဖြိုခွင်းခဲ့ပါတယ်။

မုံရွာနဲ့ ရွှေဘိုမြို့တို့က ဆန္ဒပြ ပြည်သူတွေနဲ့ ဆရာမ အချို့ ဖမ်းဆီးခံလိုက်ရပြီး ဆိုင်ကယ်တွေလည်း ပါသွားတယ်လို့ ဆန္ဒပြ ပြည်သူတွေက ပြောပါတယ်။

မန္တလေးမြို့က ပင်မသပိတ်စစ်ကြောင်းဟာလည်း ဆန္ဒပြဖို့ လူစုနေစဥ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ လာရောက်ဖြိုခွင်းတာ ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၂ ရက်နေ့ဟာ စစ်အာဏာရှင် အလိုမရှိကြောင်း တစ်ကမ္ဘာလုံးက ဆန္ဒပြကြမှာဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ မနက် ၇ နာရီလောက်က စတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အင်အား ၃၀ ခန့်၊ လက်နက်အပြည့်အစုံနဲ့ မြို့တွင်း လှည်လည့်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/protests-in-three-cities-cracked-down-05012021235531.html

မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ  မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.