ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း


မေ ၁၃ရက် ၂၀၂၁

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် စစ်ကောင်စီ အုပ်စုမှ လိုင်းစင်မဲ့ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃သိန်း တောင်းနေကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း သျှမ်းပြည်အတွင်း လိုင်းစင်မဲ့ မော်တော်ယာဉ်များကို လိုက်လံစစ်ဆေးနေပြီး၊ လိုင်စင်မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်ငွေ ၃သိန်း ပေးဆောင်ခဲ့ရကြောင်း ပင်လုံမြို့ ဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ 

“ ဒီနေ့ ပင်လုံသွားလမ်းတွေမှာ လိုင်စင်မဲ့ကားတွေကို စစ်နေတာ။ ကားတစ်စီးကို ၃ သိန်းပေးရသလို ဆိုင်ကယ်လည်း  ၃သိန်းပေးနေရတယ်။ စစ်သားတွေဖမ်းတာ။ လူကိုတော့မဖမ်းဘူး။ လိုင်စင်တောင်းတယ်” ဟု ပင်လုံမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

လိုင်စင်မဲ့ မော်တော်ယာဉ်များကို စစ်ဆေး အရေးယူနေရခြင်းသည် အထက်အမိန့်အရ ဖမ်းဆီးနေရကြောင်း၊ မည်သည့် ကားမဆို လိုင်စင်မရှိပါက ဖမ်းဆီးမည်ဟုလည်း သိရသည်။

မေ (၁၂)ရက် တွင်လည်း လိုင်စင်မဲ့ကားများတင်သွင်းရောင်းချမှု ရှိ၊မရှိ စတင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး၊ ကားအရောင်းဆိုင်များကိုလည်း ရှောင်တခင် စစ်ဆေးမှု ပြုလုပ်သွားမည် ဟု သျှမ်းပြည်လူထုများက ပြောသည်။

စစ်ကောင်စီမှ မြန်မာနိုင်ငံကို အုပ်ချုပ်သည့် ရက် (၁၀၀) အတွင်း ထိုင်းနိုင်ငံမှ ကုန်ပစည်းတင်သွင်းခွင့် တားပိတ်ခြင်း၊ ဆိုင်ကယ်တင်သွင်းခွင့်ကို ပိတ်ပင်ထားခြင်း ဆိုင်ကယ်ရောင်းသည့် ဆိုင်များကို ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်လာခဲ့သည်။ 

သျှမ်းပြည်တွင် လိုင်စင်မဲ့ကားများကို အသေးစား စီးပွားရေးတစ်ခုအနေဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်ကို တွေ့ရပြီး အဆိုပါကားများကို ထိုင်း – မြန်မာ ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် တင်သွင်းလာကြောင်း ကားပွဲစားများထံမှ စုံစမ်းသိရှိရသည်။

ယခင်အစိုးရ လက်ထက်တွင် လိုင်စင်မဲ့ကားများကို ဖမ်းနေသော်လည်း ယာဉ်ထိန်းရဲများသာ ဖမ်းဆီး စစ်ဆေးပြီး ယခုစစ်ကောင်စီအစိုးရသည် လိုင်စင်မဲ့ကားများကို စစ်ဆေးရာမှာ စစ်သားများပါဝင်နေကြောင်းလည်း ပြည်သူများက ပြောဆိုကြသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း ပင်လုံမြို့  စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.