စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ


May 13, 2021/ Kachin News Group

ဗန်းမော်မြို့နယ်၊စင်းခန်းကျေးရွာတွင် တာဝန်ကျသည့်  စစစ(စုံစမ်းစစ်ဆေးရေး)တစ်ဦး  ရွှေကူမြို့ မင်းကျောင်းကုန်းကျောင်းကျေးရွာတွင် အသတ်ခံလိုက်ရကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

မေလ ၁၀ရက် ည ၁၁နာရီခန့်က မင်းကျောင်းကုန်း ကျေးရွာအနောက်ဘက် သံလမ်းတွင် အလောင်းပစ်ထားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူက နဂိုကနေ စစ်တပ်ရဲ့ စရဖ တစ်ဦးဖြစ်တယ်။ ရွာထဲ သွားပြီး ရွာသားတွေကို စစ်ကြောင်းထိုးတော့မယ် ဘာဘာညာညာ သွေးထိုသလိုပေါ့။ အဲ့လိုခြိမ်းခြောက်တာတွေလုပ်တယ်တဲ့။ သူက အဲ့ရွာရဲ့ဒေသခံလည်း မဟုတ်ဘူး။ ဒီမှာတာဝန်ကျတာကမကြာသေးဘူး။ မေလ ၁၀ရက်နေ့ ညမှာတော့ သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ဘယ်အဖွဲ့အစည်းကနေ သတ်တယ်လို့တော့ ကျနော်တို့လည်းမသိရဘူး” ဟု ပြောဆိုသည်။

အသတ်ခံလိုက်ရသည့် ဦးတင်လှိုင်သည် အသက် (၇၀)နှစ်သည် ဗန်းမော်မြို့၊ စင်းခန်းကျေးရွာတွင် တာဝန်ကျသည်မှာ ၁၀နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.