မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ အကြမ်း ဖက်စစ်သားများ ပြည်သူကို သေနတ်ဖြင့်ပစ်


၂၉ရက် မေလ ၂၀၂၁ခုနစ်။ သူးလေသတင်းစဥ်

၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ ( ခလရ - ၉၇ ) အကြမ်းဖက်အဖွဲ့၏ တပ်သားများသည် ၎င်းတို့၏စခန်းရှေ့၌ ဖြတ်သွားသော စောညီညီ ဆိုသူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြရာ တွင် စောညီညီ၏ လက်နှစ်ဖက်လုံးကို ကျည် ထိမှန်ခဲ့သည်။ ထိုသို့ ကျည်ထိမှန်ခဲ့သော စောညီညီ လက်တစ်မှာမူ ကြိုးသွားခဲ့ပါသည်။

ထို့အပြင် ဤ မဲဝိုင်စခန်း၌ နေထိုင်ကြသောအကြမ်းဖက်စစ်အုပ်စုအဖွဲ့သည် ပြည်သူလူထုများ၏ စားနပ်ရိက္ခာ နှင့် စည်းစိမ်ဥစ္စာများကို ခိုးယူခြင်း၊ အတင်းအဓ္ဓမလုယူခြင်း နှင့် ကျေးရွာနှင့်လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးများ ပစ်ချခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြဲတမ်းပြုလုပ်ခဲ့ပါသည်။

ဤသို့ အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ လူ့အခွင့်အရေးချိုးဖောက်သည့် လှုပ်ရှားမှုများကို ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ( ၅ )ထိန်းချုပ်နယ်မြေအတွင်း၌ အစဥ်တစိုက်ပြုလုပ်နေကြသောကြောင့် ဒေသခံပြည်သူလူထုများ ကောင်းမွန်စွာ သွားလာပြီး လုပ်ငန်းကိုင်ငန်းများကိုလုပ်ဆောင်နိုင်ရန်အတွက် အခက်အခဲ များစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ အကြမ်း ဖက်စစ်သားများ ပြည်သူကို သေနတ်ဖြင့်ပစ် မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ အကြမ်း ဖက်စစ်သားများ ပြည်သူကို သေနတ်ဖြင့်ပစ် Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.