ဖာပွန်တွင် တိုက်ပွဲဖြစ် အာဏာသိမ်းအကြမ်ဖက်စစ်အုပ်စုကား မီးလောင်၊ ကျဆုံးသူများပါရှိ

Photo-ဖာပွန်တွင် ပြီးခဲ့သည့်ရက်က အတိုက်ခိုက်ခံခဲ့ရသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကား

မေလ ၂၉၊၂၀၂၁၊ သူးလေသတင်းစဥ်

ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်)မှာ  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက မူတြော်ခရိုင် (ဖာပွန်) ကူးဆိပ်ကျေးရွာနဲ့ မထောကျေးရွာလမ်းကြားမှာ ဖာပွန်ကနေ ပြန်ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတန်းတွေကို KNLA တပ်မဟာ ၅ က တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုတွေရှိပြီး အတိအကျတော့မသိရသေးပါဘူး။

အဆိုပါစစ်ကားတန်းတွေဟာ မနေ့ညက ဖာပွန်ကို လူနဲ့ရိက္ခာပို့ဆောင်လာတာဖြစ်ပြီး ပြန်အဆင်းမှာ အခုလိုတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

မနေ့ကလည်း ဖာပွန်မြို့နယ် မဲဝိုင်ကျေးရွာမှာ သွားလာနေတဲ့ ဒေသခံရွာသားတွေကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဘက်က အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနေတယ်လို့လည်း ကြားသိရပါသေးတယ်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

ဖာပွန်တွင် တိုက်ပွဲဖြစ် အာဏာသိမ်းအကြမ်ဖက်စစ်အုပ်စုကား မီးလောင်၊ ကျဆုံးသူများပါရှိ ဖာပွန်တွင် တိုက်ပွဲဖြစ် အာဏာသိမ်းအကြမ်ဖက်စစ်အုပ်စုကား မီးလောင်၊ ကျဆုံးသူများပါရှိ Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.