အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ



၃၀ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်

၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဖာပွန်သို့ ရိက္ခာ နှင့် ဆေးဝါးအမျိုးမျိုးကို ပို့ဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ ကား ၁၁ စီး ပြန်ဆင်းလာသောအခါ ကူးဆိပ် နှင့် မထောကြား၌ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် နှင့် ထိတွေ့ကာ ပစ်ခတ်မှု ( ၂ ) ကြိမ် ဖြစ်ပွားခဲ့ပါသည်။

အကြမ်းဖက်စစ်အုပ်စုမှ လက်ကြီးနှင့်လက်နက်ငယ်များ မြောက်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောကြားခဲ့ပါသည်။


ထိုပစ်ခတ်မှု ( ၂ ) ကြိမ် လုံးတွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ကား ၂ စီးသည် လုံးလုံးပျက်စီးခဲ့ပြီး အခြားကားများသည်လဲ ထိခိုက် ချွတ်ယွင်းမှု အများအပြားလည်းရှိခဲ့ပါသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင် ထိခိုက်ကျဆုံးမှုမရှိပေ။

ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုမျိုးသည် ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ တစ်ခုတည်း အတွင်းမှာသာ ဖြစ်ပွားခဲ့သည်မဟုတ်ဘဲ ကေအဲန်ယူ၏ အခြားသော ခရိုင် နှင့် တပ်မဟာ များမှာလည်း မကြာခဏ ဖြစ်ပွားမှုရှိခဲ့ပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.