အကြမ်းဖက်စစ်အုပ်စုမှ ရိက္ခာတင်ပို့သောကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား


၂၉ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်

၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့ မနက် ၈း၄၀ မိနစ်ခန့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စုတို့သည် မူတြော်ခရိုင် လူသောမြို့နယ် ခေးပူဒေသအတွင်းရှိတပ်စခန်းများကို ရိက္ခာထောက်ပံ့ရန်အတွက် မူကေထာ နှင့် ကာ်ထယ်ဒဲ ၌ ချောင်းဖြတ်ကူးစဥ် ကရင်အမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၁ နှင့် ထိတွေ့ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။

ဤ ပစ်ခတ်မှုတွင် အကြမ်းဖက်ဘက်မှ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရှိရပေ။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဘက်မှာမူ ထိခိုက်ကျဆုံးမှု မရှိခဲ့ပါ။

အကြမ်းဖက်စစ်အုပ်စုမှ ရိက္ခာတင်ပို့မှုနှင့်ပတ်သက်၍ ဗိုလ်စောကွယ်ဝါး မှ ပြောပြသည်မှာ 

" အကြမ်းဖက်အဖွဲ့တွေက လှုပ်ရှားမှုတိုးချဲ့ချင်တဲ့အတွက် လူသောမြို့နယ်အတွင်းမှာ ရိက္ခာတင်ပို့တာတွေ နေ့တိုင်းလုပ်ကြတယ်

အကြမ်းဖက်အဖွဲ့တွေက ပြည်သူလူထုနှင့် ဌာနေတိုင်းရင်းသားများရဲ့ နေရာများကို သိမ်းပိုက်ချင်ပြီး မတရားအုပ်ချုပ်ချင်ကြသောကြောင့် ပြည်သူလူထုနှင့် ဌာနေတိုင်းရင်းသားများကို တိုက်တုတ်ဖို့အတွက် နေ့တိုင်းရိက္ခာတွေ တင်ပို့ကြတယ် " ဟု ၎င်းက ဆိုပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/


အကြမ်းဖက်စစ်အုပ်စုမှ ရိက္ခာတင်ပို့သောကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား အကြမ်းဖက်စစ်အုပ်စုမှ ရိက္ခာတင်ပို့သောကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.