စစ်​ကောင်စီတပ်နှင့် ​ကေအိုင်​အေ ​ယ​နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်​ကောင်စီဘက် ထိခိုက်မှုရှိ

ဓါတ်ပုံ - ပုံ​ဟောင်းဖြစ်သည်။

29 May 2021 - Kachinwaves

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအနီးတွင် ကေအိုင်အေ တပ်မဟာ (၁)​အောက် တပ်ရင်း (၇)နှင့် စစ်​ကောင်စီတပ်ကြား မေ ၂၉ရက်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ကားနှစ်စီး ပစ်ခတ်ခံရပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းရရှိသည်။

"ကားထဲကို ပစ်ထည့်ပေးလိုက်တယ် ကားထဲကလူတွေ သေတဲ့သူတွေလည်းရှိတယ်။ ထိခိုက်တဲ့သူတွေလည်းရှိတယ် ကားမောင်းတဲ့လူတွေပဲ လွတ်မယ်ထင်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်သားများသည် ကေအိုင်အေ တပ်စခန်းရှိရာဘက်သို့ တက်လာချိန် တိုက်ပွဲဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။

လုံရှာယန်ကျေးရွာသို့ စစ်ကောင်စီ စစ်သားများသည် သွားလာလှုပ်ရှားမှုများ ဆက်တိုက်ရှိ​နေပြီး တိုက်ပွဲဖြစ်လာနိုင်ခြေရှိကြောင်း ဒေသခံများက ​ပြောဆိုသည်။

ထို့အပြင် ဟိုပင်မြို့တွင် စခန်းချထားသည့် စစ်ကောင်စီတပ် ခလရ(၄၀)သည် မေ ၂၈ရက်ညနေ ၉နာရီခန့်တွင် မြို့အနီးဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ကြောင်း သိရသည်။

ကချင်ပြည်နယ် နေရာအနှံ့တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်များသည် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်​ကောင်စီတပ်နှင့် ​ကေအိုင်​အေ ​ယ​နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်​ကောင်စီဘက် ထိခိုက်မှုရှိ စစ်​ကောင်စီတပ်နှင့် ​ကေအိုင်​အေ ​ယ​နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်​ကောင်စီဘက် ထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.