မြန်မာနိုင်ငံက စက်ရုံတွေကို ကမ္ဘောဒီးယားမှာ ပြောင်းဖွင့်ဖို့ ဟောင်ကောင်လုပ်ငန်းရှင်တွေ စဉ်းစားနေ

ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်အုပ်စုတစ်စုက မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ စက်ရုံတွေကို ကမ္ဘောဒီးယားနိုင်ငံ ကမ်ပွန်း ဆပိုဒေသက နေရာ ၂၀ လောက်မှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗေ ဆမ်နန်းက ပြောကြောင်း ဖနွမ်းပင်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အဝတ်အထည်၊ အိတ်နဲ့ ဖိနပ်တွေ ထုတ်တဲ့ စက်ရုံတွေအတွက် သင့်တော်တဲ့နေရာတွေ ရှာဖို့ ဒါမှမဟုတ် အဲဒီမှာ ရှိနှင့်ပြီးသား စက်ရုံတွေကို ငှားဖို့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဧပြီလလယ် ခမာ နှစ်သစ်ကူးကာလတုန်းက အဲဒီလုပ်ငန်းရှင်အုပ်စုက သူ့နဲ့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ မစ္စတာ ဆမ်နန်းက ဖနွမ်းပင်ပို့စ် သတင်းစာကို ဒီကနေ့ ထုတ်ဖော်ပြောခဲ့ပါတယ်။

သူတို့ရဲ့ လုပ်ငန်းတွေ ချက်ချင်း စနိုင်ဖို့အတွက် ကမ်ပွန်း ဆပိုပြည်နယ်မှာ အသင့်ရှိထားပြီးသား စက်ရုံတွေ ငှားဖို့ အဲဒီ လုပ်ငန်းရှင်အုပ်စုက ပထမဦးစားပေးအနေနဲ့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ကမ်ပွန်း ဆပိုပြည်နယ်မှာ လက်ရှိ စက်ရုံပေါင်း ၇၅၀၀ ကျော်ရှိနေပြီး အဲဒီထဲက အထည်ချုပ်စက်ရုံ ၁၅၃ ခုက ထွက်တဲ့ ထုတ်ကုန်တွေကို အမေရိကန်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားခဲ့ရသလို နိုင်ငံခြားသားပိုင် စက်ရုံတချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရအပြီးမှာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့ အလုပ်သမားတွေ သူတို့နေရပ် နယ်မြို့တွေဆီ ပြန်သွားခဲ့ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာနိုင်ငံက စက်ရုံတွေကို ကမ္ဘောဒီးယားမှာ ပြောင်းဖွင့်ဖို့ ဟောင်ကောင်လုပ်ငန်းရှင်တွေ စဉ်းစားနေ  မြန်မာနိုင်ငံက စက်ရုံတွေကို ကမ္ဘောဒီးယားမှာ ပြောင်းဖွင့်ဖို့ ဟောင်ကောင်လုပ်ငန်းရှင်တွေ စဉ်းစားနေ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.