မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထိန်းသိမ်းခံနေရ


မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ မြို့နယ်ဥက္ကဋ္ဌဟာ မနေ့ မေလ ၂ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ထိန်းသိမ်းတာခံနေရပြီး ဒီနေ့ မေလ ၃ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ တိုင်းအဆင့် လူမှုကယ်ဆယ်ရေးရုံးဘက်ကနေ သိရပါတယ်။

မိုးကုတ်မြို့အခြေစိုက် အဲဒီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌရော၊ စေတနာ့ဝန်ထမ်း ၁၅ ဦးနဲ့ အသင်းပိုင် လူနာတင်ယာဉ် ၆ စင်းတို့ ပါ မနေ့က ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

အသင်းသား စေတနာ့ဝန်ထမ်း ၁၅ ဦး ပြန်လွတ်လာပေမဲ့ အသင်းဥက္ကဋ္ဌနဲ့ လူနာတင်ယာဉ်တွေ ထိန်းသိမ်းခံထားရဆဲလို့ သိရပါတယ်။

''လူမှုကယ်ဆယ်ရေးအသင်းတွေဆိုတာ စေတနာရှင်တွေရဲ့အလှူနဲ့ ရပ်တည်ရတော့ အများသောအားဖြင့် အသင်းပိုင်ကားတွေကလည်း လိုင်စင်မရှိဘူး။ နောက်ပြီး ကျွှန်တော်တို့ ကယ်ဆယ်ရေးယာဉ်တွေပေါ်မှာက ဆက်သွယ်ရေးအတွက်သုံးတဲ့ပစ္စည်းပစ္စယတွေလည်းရှိတယ်လေ။ ဒါ့ကြောင့် ထိန်းသိမ်းတာလား၊ ဘာ့ကြောင့် ထိန်းသိမ်းလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူး'' လို့ တိုင်းအဆင့်လူမှုကယ်ဆယ်ရေးရုံးဘက်ကနေ ပြောပါတယ်။

မိုးကုတ်လူမှုကယ်ဆယ်ရေးအသင်းဟာ မိုးကုတ်ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ ကူညီသယ်ဆောင်ပေးနေတဲ့ မြို့ခံပရဟိတအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883 

မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထိန်းသိမ်းခံနေရ မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထိန်းသိမ်းခံနေရ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.